အခန်း(၆၅) အရောင်ကိုးသွယ် အင်မော်တယ်ဗာမီလီယံငှက်

1.6K 245 6
                                    

အခန်း(၆၅) အရောင်ကိုးသွယ် အင်မော်တယ်ဗာမီလီယံငှက်

“ကျေးဇူးတင်ပါတယ် အကြီးအကဲစန်း ကျွန်မအကြိီးအကဲကို စိတ်မပျက်စေရပါဘူး” ယန်ချူးဂျူးရဲ့ မျက်နှာလေးက နီရဲနေကာ သူမရဲ့မျက်လုံးတွေမှာ မျက်ရည်တွေနဲ့ ပြည့်နှက်နေခဲ့သည်။ သူမကိုမြင်တဲ့ ဘယ်သူမဆို မထိန်းချုပ်နိုင်ဘဲ သနားစိတ်၀င်မိကြမှာပင်။

လူ၀အိုကြီးဖြစ်တဲ့ အကြီးအကဲစန်းက သူ့ခေါင်းကို ပွတ်သပ်လိုက်ပြီး အနည်းငယ် ရှက်စွာဖြင့် ပြောလိုက်တယ်။ “ကောင်မလေး ဒါကဘာကိစ္စကြီးမှ မဟုတ်ပါဘူး။ စည်းမျဉ်းတွေကြောင့်သာ မဟုတ်ရင် အဖိုးကမင်းကို စိတ်ဝိညာဉ်အနှစ်သာရဂိုဏ်းဆီ ခေါဲသွားပြီးနေပြီ”

ယန်ချူးဂျူးက အလေးအနက်ဖြစ်စွာ ပြောလိုက်တယ်။ “အကြီးအကဲစန်း ကျွန်မနားလည်ပါတယ်။ စကားပုံလိုပဲ စည်းမျဉ်းတွေသာမရှိရင် ဘာကိုမှဖြစ်မြောက်အောင် လုပ်လို့ရမှာ မဟုတ်ဘူး။ စိတ်ဝိညာဉ်အနှစ်သာရဂိုဏ်းက ဂိုဏ်းအကြိီးကြီးတစ်ခုပဲလေ။ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ရှိတယ်ဆိုတာ ပုံမှန်ပါပဲ။ စမ်းသပ်မှုကို ပါ၀င်ခွင့်အောင်လို့ အခွင့်အရေးပေးတာကိုပဲ ကျွန်မအရမ်း ကျေးဇူးတင်မိနေပါပြီ”

လူတိုင်းက သူတို့ကိုယ်သူတို့ ခေါင်းညိတ်လိုက်ကြသည်။ ဒီမိန်းကလေးငယ်လေးက စိတ်ဓာတ်မာရုံတင်မကဘူး အကျိုးအကြောင်းလဲ သင့်တယ်။ မဆိုးဘူးပဲ သူမက။

“ကောင်မလေး အဖိုးတို့မှာ လုပ်စရာကိစ္စတွေ ရှိသေးတယ်။ ငါတို့နောက်ကို အရင်ဆုံး လိုက်လာခဲ့။ ငါတို့ရဲ့ကိစ္စတွေ ပြီးမြောက်သွားရင် မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်” အကြိီးအကဲစန်းက ကြင်နာစွာဖြင့် ပြောလိုက်တယ်။

ယန်ချူးဂျူး ခေါင်းညိတ်လိုက်ကာ နာခံစွာနဲ့ ထောင့်လေးတစ်ခုမှာ ထိုင်နေလိုက်သည်။

ပျံသန်းရေး စိတ်ဝိညာဉ်ပစ္စည်းရဲ့ အတွင်းပိုင်းက အတော်လေး ကျယ်၀န်း၏။ တောင်ကုန်းသခင်နဲ့ အကြိီးအကဲစန်းတို့အပြင် အခြားအကြိီးအကဲသုံးယောက်ပါရှိနေကြကာ သူတို့က ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်နေခဲ့ကြသည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now