အခန်း(၇၇+၇၈)

1.8K 256 17
                                    

အခန်း(၇၇) မကောင်းတဲ့ အပျော်လင်လေး ရောက်လာပြီ

ယန်ချူးဂျူး ငှက်မည်းလေးကို စိုက်ကြည့်လိုက်သည်။ “ကောင်းပါပြီ နင်မဟုတ်မှန်း ငါသိပါတယ်။ နင့်မှာသာ အဲ့အစွမ်းရှိရင် ပိုကောင်းတာပေါ့။ ငါတစ်ယောက်ယောက်ကို မကြိုက်ဘူးဆိုရင် နင့်ကိုသူတို့မကောင်းကြောင်း နည်းနည်းလောက် ပြောခိုင်းပြီး ကံဆိုးအောင် လုပ်ခိုင်းလို့ရတာပဲ။ ငါအဲ့လိုလုပ်ရဖို့ မစောင့်နိုင်တော့ဘူး”

“ဟမ့် ဒီသခင်လေးရဲ့ အစွမ်းက ကျီးကန်းပါးစပ်ထက် အများကြီး ပိုသာတယ်။ အနက်ရောင် ကောင်မလေး နင်ငါ့ကို ကျီးကန်အဖြစ်ပဲ ဟန်ဆောင်ခိုင်းထားမယ်လို့တော့ မပြောနဲ့နော်”

“နင်အမွှေးနှုတ်ခံရပြီး သွေးထုတ်ခံချင်ရင်တော့ စကားပြောပေါ့”

“ဒီသခင်လေးက ကျီးကန်းအာသံကိုပဲ သင်ကြားလိုက်ပါ့မယ်။ ပြောရရင် ဘာသာစကားအသစ် သင်ယူတာကလည်း အရေးပါတယ်‌လေ”

ယန်ချူးဂျူးက အိမ်ကိုလုံလုံခြုံခြုံနဲ့ ပြန်ရောက်လာကာ တိမ်ပြိုလဲဂိုဏ်းရဲ့ ကပ်ဆိုက်မှုပြဿနာကို ဖြေရှင်းပြီးသွားတဲ့နောက် တတိယအကြီးအကဲနဲ့ တစ်ခြားအကြီးအကဲတွေက ကိုယ့်အိမ်ဆီကိုယ်ပြန်သွားခဲ့ကြသည်။ ယန်ရှောင်ထန်းက ယန်ချူးဂျူးကို စိုးရိမ်နေတာကြောင့် အသေးစိတ်အခြေအနေကို မေးရန် ကျန်ရစ်နေခိုင်းခဲ့၏။

ယန်ချူးဝူက ယန်ချူးဂျူးကို အထက်အောက် အပြန်အလှန် စစ်ဆေးကြည့်ပြီး ဒဏ်ရာမရတာ တစ်ကယ်သေချာမှသာ စိတ်သက်သာရာရသွားခဲ့သည်။

တစ်ခြားတစ်ဖက်မှာတော့ ယန်ချူးရှီက ငှက်မည်းလေးကို စပ်စုစွာနဲ့ အစုံအဆန်ကြည့်နေသည်။ ငှက်မည်းလေးက ဘ၀င်မြင့်တဲ့ အမူအရာကို သူ့မျက်နှာပေါဲမှာ ဆင်မြန်းထားကာ လည်ပင်းကို မိုးပေါဲဆန့်တန်းထားနေခဲ့သည်။ သူကလူအုပ်ကို‌ လှည့်တောင်မကြည့်ပေ။

“ကိုးလေး ဘယ်လိုတွေ ဖြစ်သွားခဲ့တာလဲ။ တစ်ကယ်ပဲ သမီးရဲ့ဆရာရောက်လာခဲ့တာလား” ယန်ရှောင်ထန်းက ထိုအရာကို မယုံကြည်သေးပေ။

“အဖိုး စိတ်အေးအေးထားပါ။ အဲ့ဒီအကြီးအကဲစုက ပြန်လာပြီး ပြဿနာရှာရဲလိမ့်မှာ မဟုတ်ပါဘူး။ သမီးဗိုက်ဆာနေပြီ။ အရင်ဆုံးသမီးကို ညစာပေးစားလို့ ရမလားဟင်။ ညစာစားပြီးရင် သမီးအဖိုးကို အကုန်လုံးပြန်ပြောပြပါ့မယ်” ယန်ချူးဂျူးက သူမရဲ့ ဗိုက်လေးကို ပွတ်သပ်ရင်းနဲ့ သနားစဖွယ်ကောင်းစွာ ပြောလိုက်လေသည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now