အခန်း(၂၄) ငါကမလုပ်ဘူးဆိုရင်ကော

1.7K 263 3
                                    

အခန်း(၂၄) ငါကမလုပ်ဘူးဆိုရင်ကော

ပိုင်မိုယုက ပိုင်မို့ရုဆီ လျှောက်သွားပြီးတော့ သူမကို ထဖို့အတွက် ကူညီပေးချင်ခဲ့သည်။ ဒါပေမယ့် ပိုင်မို့ရုက မတ်တပ်တောင်မှ မရပ်နိုင်ခဲ့ပေ။ သူမရဲ့ခန္တာကိုယ်က အလောင်းတစ်ခုလိုမျိုး တောင့်တင်းနေခဲ့သည်။

ပိုင်မိုယုက စုယန်ရန်အား ပိုင်မို့ရုကို ကူညီပေးခိုင်းဖို့ ကြံရွယ်ထားခဲ့ဖြစ်သည်။ ဒါပေမယ့် စုယန်ရန်က ရွံရှာစွာနဲ့ နောက်သို့ပြန်ဆုတ်သွားလိမ့်မယ်လို့ သူမထင်ထားမိခဲ့ပေ။ ပိုင်မို့ရုကို ကူညီရမယ်ဆိုတဲ့အတွေးက မယုံနိုင်လောက်အောင် ရွံဖို့ကောင်းတယ်လို့ သူမတွေးမိသွားတာဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ သူမက အခန်းအပြင်ထိတောင်မှ နောက်ပြန်ဆုတ်သွားခဲ့တာကြောင့်ပင်။ ဒါ့ကြောင့် ပိုင်မိုယုက ပိုင်မို့ရုကို သူ့အားမှီထားစေရုံသာ တတ်နိုင်ခဲ့သည်။

“ယန်ချူးဂျူး နင်ဘာလုပ်ခဲ့တာလဲ။ မြန်မြန် မို့ရုကို ပြန်ကုပေးစမ်း။ မဟုတ်ရင် ငါနင့်ကို ချမ်းသာမပေးဘူး”

ယန်ချူးဂျူးက သူ့ကို သွားဖြဲပြလိုက်တယ်။ “ပိုင်မိုယု နင့်ခေါင်းထဲမှာ မူလီတွေချောင်နေတာလား။ ပိုင်မို့ရုက သူမဘာသာမမြင်ဘဲနဲ့ ချော်လဲသွားတာလေ။ ပြီးတော့ သူမက ငါ့ရဲ့စွပ်ပြုတ်ပန်းကန်ကိုတောင် မှောက်ကျအောင် လုပ်လိုက်သေးတယ်။ တိတိကျကျပြောရရင် ငါကသာ လက်စားပြန်ချေသင့်တဲ့သူပါ။ ဒါ့အပြင်ကို ငါကအမှိုက်အဖြစ်လည်းကျော်ကြားသေးတယ်လေ။ ဘယ်လိုလုပ်ပြီးတော့ သူမကို ကြမ်းပြင်ပေါဲ ခြေကားယားလက်ယားရားနဲ့ ပြုတ်ကျအောင်လုပ်ဖို့ ငါ့မှာစွမ်းရည်ရှိမှာလဲ”

ပိုင်မိုယုသည်လည်းပဲ အခြေအနေ‌ကို သံသယ၀င်နေခဲ့သည်ပင်။ ယန်ချူးဂျူးဆီမှာက တစ်ကယ်ပဲ စိတ်ဝိညာဉ်စွမ်းရည်ရှိမနေပေ။ ပြီးတော့ မို့ရုက စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် အလွှာသုံးကိုရောက်နေပြီ။ ယန်ချူးဂျူးဆီမှာ သူ့ညီမကို အနိုင်တိုက်နိုင်မဲ့  အကြောင်းပြချက် လုံး၀ရှိမနေပေ။

“အစ်ကို ညီမကိုယုံလား ဒါမှမဟုတ် အဲ့ဒီအောက်တန်းစားမကို ယုံလား” ပိုင်မို့ရုက တုန်ယင်နေတဲ့အသံနဲ့ ရေရွတ်လိုက်သည်။ သူမအခု ဒေါသလည်းထွက်နေသလို ကြောက်လည်းကြောက်နေခဲ့သည်။ ထိုအချိန်တွင် သူမရဲ့မျက်နှာကလွဲပြီးတော့ သူမရဲ့အခြားအစိတ်အပိုင်းတွေကို အာရုံခံစားလို့မရတော့ပေ။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now