အခန်း(၄၃) နင်တို့ရဲ့သခင် အိပ်ပျော်နေတယ်

1.7K 255 6
                                    

အခန်း(၄၃) နင်တို့ရဲ့သခင် အိပ်ပျော်နေတယ်

ယန်ချူးဂျူး ကောင်းကင်ထက်ကို ငေးကြည့်လိုက်သည်။ သူမရဲ့ လည်ပင်းကို လေးဆယ့်ငါးဒီဂရီအတိုင်း လှပစွာစောင်းငဲ့လိုက်ကာ သူမရဲ့မျက်နှာပေါဲတွင်တော့ စိတ်ဓာတ်ကျနေတဲ့ အမူအရာတစ်ခု ရှိနေခဲ့သည်။ ထောင့်နားက တစ်စုံတစ်ယောက်က ကျိတ်ရယ်လိုက်သည်။

ယန်ချူးဂျူး တစ်ပတ်လှည့်ကြည့်လိုက်တယ်။ ကျိတ်ရယ်နေတဲ့သူက လူချောလေး လေထဲ ပစ်လွှတ်လိုက်တဲ့ သူပင်ဖြစ်သည်။

အန်းဖန် အလွန်တရာမှကို သောကရောက်နေခဲ့သည်။ သူ့ကို ဒိပိုင်မင် အပစ်ပေးလာမှာကို သူစိုးရိမ်နေခဲ့သည်လေ။ သူ့ရဲ့ပူပန်မှုတွေက ယန်ချူးဂျူးရဲ့ မျက်နှာပေါဲက ရယ်စရာကောင်းတဲ့ အကြည့်ကို တွေ့လိုက်တာနဲ့ ပျောက်ကွယ်သွားခဲ့သည်။ သူမတတ်နိုင်ဘဲ ရယ်လိုက်မိသည်။ ပုံမှန်အားဖြင့် ခံစားချက်အမူအရာ ကင်းမဲ့နေတတ်တဲ့ အန်းဖန်တောင်မှ သူ့ရဲ့နှုတ်ခမ်းတွန့်ကွေးသွားမှုကို မထိန်းချုပ်နိုင်ခဲ့ပေ။

ယန်ချူဂျူး သူတို့ကို စိတ်ထဲကနေ ဆူလိုက်မိသည်။ 'အတောင်တူတဲ့ငှက်တွေ စုနေကြတာပဲ။ လူချောလေးရဲ့ နောက်လိုက်တွေကလည်း သူ့ထက်ဘာမှပိုပြီးတော့ ကောင်းမနေဘူး'

“နင်တို့ဘာကိုရယ်နေတာလဲ။ ခေါင်းပြောင်နေတဲ့လူကို အရင်က မမြင်ဘူးလို့လား။ ဒါမှမဟုတ် လှပတဲ့ခေါင်းပြောင်ပြောင်ကို တစ်ခါမှ မမြင်ဘူးလို့လား” ယန်ချူးဂျူး အန်းဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်တယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းတွင် အန်းဖန်က ယန်ချူးဂျူးရဲ့ အပြောင်းအလဲမြန်တဲ့ ပင်ကိုယ်စရိုက်နဲ့ ပတ်သတ်ပြီး ရင်းနှီးနေခဲ့သည်။ ဒါ့ကြောင့် သူမပြောလိုက်တာနဲ့ပတ်သတ်လို့ သူစိတ်အနှောက်အယှက် ဖြစ်မသွားခဲ့ပေ။ သူကသိချင်စိတ် ပြင်းပြစွာဖြင့်  မေးလိုက်တယ်။ “အနက် အဟမ်း နံပါတ်ကိုး သခင်မလေး ကျွန်တော်တို့ရဲ့ သခင်ကော”

အန်းဖန် သူ့လျှာဖျားထိပ်သို့‌ ရောက်နေတဲ့ “အနက်ရောင် ကောင်မလေး” ဆိုတဲ့စကားလုံးတွေကို ပြန်မြိုချလိုက်ရသည်။ သူ့သခင်က ဒီအနက်ရောင် ကောင်မလေးကို ဖက်ခဲ့သည်။ ဒါ့ကြောင့် သူမရဲ့အဆင့်အတန်းက ညတွင်းချင်း ခုန်ပျံတက်သွားမည်ပင်။ သူမကို အပစ်မပြုမိတာက သူ့အတွက် ပိုကောင်းလိမ့်မယ်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now