အခန်း(၄) အဲ့ဟာလေးက်ို မသေမချင်း ရိုက်သတ်ပြီးတော့ ဆေးလုံးအဖြစ် သန့်စင်လိုက်စမ်း။

2.7K 348 5
                                    

အခန်း(၄) အဲ့ဟာလေးက်ို မသေမချင်း ရိုက်သတ်ပြီးတော့ ဆေးလုံးအဖြစ် သန့်စင်လိုက်စမ်း။

“ဓမ္မကာကွယ်သူဖန်း မြင့်မြတ်တဲ့အရှင် ဘယ်ကိုသွားတာလဲ။” အနက်၀တ်လူစုထဲက တစ်ယောက်က သူတို့ရဲ့ ခေါင်းဆောင်ကို မဝံ့မရဲမေးလိုက်တယ်။

အနက်၀တ်လူစုရဲ့ ခေါင်းဆောင်က အကူအညီမဲ့စွာနဲ့ မျက်နှာမဲ့လိုက်မိသည်။ “ဒီကနေ သိပ်မဝေးတဲ့နေရာမှာ ရေတံခွန်တစ်ခုရှိတယ်။ မြင့်မြတ်တဲ့အရှင်က သေချာပေါက် ရေသွားချိုးနေတာပဲ။”

အနက်၀တ်လူ‌အားလုံး ညီညီညာညာနဲ့ လိုက်ပါ မျက်နာမဲ့လိုက်မိတယ်။ ထို့နောက် သူတို့ထဲကတစ်ယောက်က ပဟေဠိဖြစ်နေတဲ့ အမူအရာနဲ့ မေးလိုက်သည်။ “အယူအဆအရဆိုရင် ချင်းရွှမ်တိုက်ထဲကဘယ်သူကမှ မြင့်မြတ်တဲ့အရှင်အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒီလိုမျိုး ဘယ်လို...ဘယ်လိုလုပ်”

“ဟမ့် အဲ့နှာဘူးမက မြင့်မြတ်တဲ့အရှင် ဒုက္ခရောက်နေတာကို အခွင့်‌ကောင်းယူပြီးတော့ အရှင့်ကို အဓမ္မကျင့်သွားတာပဲဖြစ်ရမယ်။” အနက်၀တ်လူတွေထဲက တစ်ယောက်က ဒေါသခိုးဝေစွာနဲ့ ပြောလိုက်တယ်။

“အဲ့ဒါက မိန်းမတစ်ယောက်ဆိုတာ မင်းဘယ်လိုလုပ်သိလဲ။ ငါတို့အားလုံး သိရသလောက်ဆို အဲ့ဒါက ယောက်ျားတစ်ယောက်လည်း ဖြစ်နိုင်တာပဲလေ။”

ကျန်တဲ့ အနက်၀န်လူအားလုံး ထိုစကားကို ကြားလိုက်တဲ့အခါ တုန်လှုပ်သွားကြသည်။ “အိုး ဘုရားရေ ငါတို့ရဲ့ သန်စင်ပြီးတော့ ဘာမှ မစွန်းထင်းသေးတဲ့ မြင့်မြတ်တဲ့အရှင်က ယောက်ျားတစ်ယောက်ရဲ့ ကျူးလွန်တာခံလိုက်ရတာမျိုး ဖြစ်နိုင်တယ်တဲ့လား။”

ချက်ချင်းပင် သူတို့အားလုံး စိုးရိမ်ဖွယ်ရာ ပြစ်မှုတစ်ခုကို ကျူးလွန်မိလိုက်ကြသလို ခံစားလိုက်ကြရတယ်။ သူတို့ရဲ့ မြင့်မြတ်တဲ့အရှင်ဆီမှာ ဒီလိုအရာမျိုး သူတို့ ဘယ်လိုလုပ် ဖြစ်ခွင့်ပြုနိုင်မှာလဲ။ သူတို့ရဲ့ ပြစ်မှု‌တွေအတွက် သူတို့အသတ်ခံရသင့်သည်။ (အတွေးသရမ်းတာကို ပြောတာ)

အချိန်တစ်ချို့ကြာပြီးနောက် မြင့်မြတ်‌သောအရှင် ဒီပိုင်မင် ပြန်ရောက်လာခဲ့၏။ မည်းမှောင်နေတဲ့ အော်ရာတွေ ထုတ်လွှတ်ရင်းနဲ့ပေါ့။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now