အခန်း(၇၁+၇၂)

1.6K 239 16
                                    


အခန်း(၇၁) ပြဿနာအားလမ်းလွှဲပေးခြင်း

“အိုးအဲ့ဒါလား အရောင်ကိုးသွယ် အင်မော်တယ် ဗာမီလီယံငှက်လား။ သူသစ်ပင်‌တစ်ပင်ပေါဲက အသိုက်တစ်ခုစီကနေ ပျံထွက်လာတာကို ကျွန်မမြင်ခဲ့ရတယ်။ ပြီးတော့ ဒီကောင်က လမ်းမသိတဲ့ငတုံးတစ်ကောင်လေ။ ဒီကောင်ကပဲ ကျွန်မကို သစ်ပင်ပေါဲမှာ ၀င်တိုက်သွားခဲ့တာ။ ဖြစ်နိုင်တာက နတ်ဆိုးငှက်သားရဲ တစ်ကောင်ကောင်က သူ့ရဲ့သားပေါက်လေးကို အစာကျွေးဖို့ ဒီကောင့်ကို ဖမ်းလာခဲ့တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့” ယန်ချူးဂျူးက ငှက်မည်းလေး၏ အတောင်တိုလေးတွေကို ကိုင်ထားရင်း အထင်သေးစွာ ပြောလိုက်လေသည်။

“အား—အား—အား—အား—အား—အား...” ငှက်မည်းလေး‌က ဆက်လက်ရုန်းကန်နေကာ အော်ဟစ်နေခဲ့၏။

လူအားလုံးက ယန်ချူးဂျူးရဲ့ စကားကို နားစွင့်နေကြရင်းနဲ့ ထိုအရာက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရသည်။ တစ်ကယ်လည်း မီးအသက်ရှူခြင်းကျီးကန်းရဲ့ အဆင့်က အရမ်းနိမ့်လွန်းကာ သူကဒီနေရာ၀န်းကျင်မှာ ပေါဲမလာသင့်ချေ။ ဒါပေမယ့် နတ်ဆိုးငှက် သားရဲတစ်ကောင်ကောင်က သူ့ကလေးကို အစာကျွေးဖို့ ဖမ်းလာတာဆိုရင်တော့ ထိုအရာက နားလည်ပေးလို့ရပေသည်။

“ဟုတ်သားပဲ ကျွန်မသစ်ပင်ပေါဲကနေ လိမ့်ကျသွားတဲ့အချိန်မှာ အနက်ရောင်၀တ်စုံနဲ့ လူတစ်ယောက် တွင်းထဲကနေ ခုန်ထွက်လာတာကို မြင်လိုက်မိတယ် ထင်တာပဲ။ ကျွန်မသတိမမေ့သွားခင် အချိန်အထိ ပဟေဠိ ဖြစ်နေခဲ့တာ။ တွင်းထဲမှာ ချော်ရည်တွေအများကြီးနဲ့ ပြည့်နေတာကို သူကဘာလို့ အပူလောင်မှာ မကြောက်တာလဲမသိဘူး” ယန်ချူးဂျူးက ရုတ်တစ်ရက် သူမရဲ့ပေါင်ကို ရိုက်လိုက်ကာ ပြောလိုက်သည်။

ထိုအခါမှသာ လူတိုင်းက ငေးငိုင်နေရာကနေ ပြန်သတိ၀င်လာကြကာ တွင်း၀အစပ်ဆီ တိုးဝှေ့ပြီး၀င်ကြည့်လိုက်ကြတော့သည်။ တွင်းထဲမှ အပူချိန်က အရမ်းမြင့်မားနေသေးတယ် ဆိုပေမယ့် သူတို့တွေမှာ ခန္တာကိုယ်ကိုကာကွယ်ဖို့ စိတ်ဝိဉာဏ်စွမ်းအား ရှိတာကြောင့် အပူဒဏ်အား ခုခံနိုင်နေကြသည်။

“ကြည့်ကြဦး အဲ့ဒါအရောင်ကိုးသွယ် အင်မော်တယ် ဗာမီလီယံငှက်ရဲ့ ဥမဟုတ်လား”

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now