အခန်း(၁၅) ခိုးနားထောင်ခြင်း

1.9K 280 2
                                    

အခန်း(၁၅) ခိုးနားထောင်ခြင်း

ယန်ရှောင်ရှန်း သူ့ရဲ့အိုမင်းနေတဲ့နှလုံးသားကို ကောင်းချီးပေးခံလိုက်ရသလို ခံစားလိုက်ရသည်။ ဂျူးလေးက သူ့ကို အမြဲတမ်း တော်တော့်ကို စိုးရိမ်မှုဖြစ်စေခဲ့တာ ဒါပေမယ့် သူမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်ပြီးတော့ ကြေကွဲလွယ်သည်။ သူမအခု စကားပြောလိုက်တဲ့ အသံက သူမခေါင်းထဲမှာ မူလီအနည်းငယ်လွတ်နေသလိုမျိုး အသံပေါက်နေပေမယ့်လည်း ဒါက အရင်ကထက်တော့ ပိုကောင်းသည်ပင်။

ယန်ရှောင်ရှန်းက ယန်ချူးဂျူးကို ခေါင်းညိမ့်ပြလိုက်တယ်။ “ဖိုးဖိုးလည်း အဲ့သလိုပဲ ဖြစ်လာစေလို့ မျှော်လင့်ပါတယ်ကွယ်။ သမီးအခုအရင် ပြန်သွားလို့ရပြီ။ ပြီးတော့ သမီးရဲ့တံခါး ဘာဖြစ်သွားလဲဆိုတာနဲ့ စိတ်ဝိညာဉ်စုစည်းရေးဆေးလုံး အကြောင်းကို ဘယ်သူ့ကိုမှမပြောပြနဲ့နော်။”

သူမရဲ့ အသစ်စက်စက် ဖိုးဖိုးက ကိစ္စအားလုံးအတွက် သူမရဲ့ ရှင်းပြချက်အားလုံးကို လက်ခံသွားပြီဆိုတာကို ယန်ချူးဂျူးသိလိုက်သည်။ သူမက ပြန်ခါနီး နှုတ်ဆက်လိုက်ကာ သူမရဲ့စပရင်ခြေလှမ်းနဲ့ အတူထွက်ခွာသွားခဲ့သည်။

“လူအိုကြီးလီ ဂျူးလေးပြောတာ အမှန်လို့ထင်လား” ယန်ရှောင်ရှန်းက ယန်ချူးဂျူး အခန်းထဲကနေ ခုန်ထွက်သွားတာကို ကြည့်နေခဲ့ကာ သူ့ရဲ့နှုတ်ခမ်းက အပြုံးတစ်ခုဖြစ်လုနီးပါး တွန့်ကွေးသွားခဲ့သည်။

“သခင်ကြီး အဲ့ဒါက အမှန်ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုးယောက်မြောက်သခင်မလေး အခုလိုမျိုး ပြုမူနေတဲ့ပုံစံက အရင်ကထက်စာရင်တော့ အများကြီးပိုကောင်းပါတယ်။ ဒါပေမယ့် ပြဿနာက ပိုင်မိသားစုရဲ့လက်ထဲကို စိတ်ဝိညာဉ်စုစည်းရေး ဆေးလုံးရောက်သွားတာပဲ။ အကယ်၍ ပိုင်ဖန်းသာ စိတ်ဝိညာဉ်စုစည်းရေးဆေးလုံးကို သောက်ပြီး‌တော့ စိတ်ဝိညာဥ်သန့်စင်ခြင်းနယ်ပယ် အလွှာခုနှစ်ကို ချိုးဖောက်နိုင်သွားမယ်ဆိုရင် ယန်မိသားစု‌တော့ ဒုက္ခကြုံရတော့မယ်။” အိမ်တော်ထိန်းဂျိက တံခါးပိတ်လိုက်ပြီး မှုန်သုန်နေတဲ့ အမူအရာနဲ့ပြောလိုက်သည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now