အခန်း(၅၀) လက်ဖက်ရည်ကြက်ဥတစ်လုံး

1.6K 264 3
                                    

အခန်း(၅၀) လက်ဖက်ရည်ကြက်ဥတစ်လုံး

မြေပေါဲမှာတော့ မှတ်ဉာဏ်ကျောက်စိမ်းတုံး အပုံကြီးနှစ်ပုံ ရှိနေခဲ့သည်။ ဒိပိုင်မင်ရဲ့ ပုံမှန်အေးစက်စက် အသွင်က အခုအချိန်မှာတော့ ဒေါသတွေနဲ့ ပြည့်‌နှက်နေခဲ့သည်။

မှတ်ဉာဏ်ကျောက်စိမ်းတွေ အများကြီးထဲကို မွှေ နှောက်ရှာဖွေ ပြီးတာတောင်မှ အနက်လေးရဲ့ အခြေအနေနဲ့ တူညီတဲ့ အဖြစ်ကလေး တစ်ခုတစ်လေကိုတောင်မှ သူရှာ‌မတွေ့နိုင်သေးပေ။ မိုးကြိုးစွမ်းအားကို တိုက်ရိုက်စုပ်ယူတယ်ဆိုတာမျိုးက အခြေခံအားဖြင့် မည်သူမှ မကြားဖူးတဲ့ ကိစ္စတစ်ခု ဖြစ်နေခဲ့သည်။

သူထိုအကြောင်းကို ပိုတွေးမိလေ အနက်လေးဆီမှာ ပုံမှန်မဟုတ်တဲ့ ခန္တာကိုယ်တည်ဆောက်ပုံ ရှိနေတယ်လို့ သူပိုပြီးခံစားလာရလေပင်။

မိုးကြိုးကပ်ဘေးဆိုသည်မှာ ကျင့်ကြံသူများကြား၌ အကြောက်ရွံ့ရဆုံးသော ကပ်ဘေးစမ်းသပ်မှု ဖြစ်သည်။ မရေမတွက်နိုင်သော စွမ်းအားကြီး ပုဂ္ဂိုလ်များစွာက မိုးကြိုးကပ်ဘေး၏ နှိမ်နှင်းမှုဒဏ်ကို ခံစားရခဲ့ကြရသည်။ ဒါပေမယ့် ဒီနေရာမှာကျတော့ အနှီမိုးကြိုးစွမ်းအင်ကို တိုက်ရိုက်စုပ်ယူနိုင်တဲ့ အနက်လေးကရှိနေခဲ့သည်လေ။ ဒီအရာက ကျိုးကြောင်းမဆီလျော်ကာ ထိုမကြောင်းကြားရတာနဲ့ကို ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

ဒိပိုင်မင် ယခုအခြေအနေကို မကြိုက်ပေ။ သူ့ဆီမှာ ဘယ်လိုစိတ်နေစိတ်ထားမျိုး ရှိနေတာလဲဆိုတာကို သူနားမလည်‌ပေမယ့်လည်း အခြေအနေက သူ့ထိန်းချုပ်မှု အောက်မှ လွတ်ကင်းနေတာကြောင့် သူအလွန်အမင်း စိတ်မသက်မသာ ခံစားနေရသည်။

တစ်ညလုံးလုံး သူစာကြည့်တိုက်ထဲမှာပဲ အချိန်ဖြုန်းခဲ့သည်။ ပထမအချက်က သူယန်ချူးဂျူးရဲ့ ထူးခြားတဲ့ ခန္တာကိုယ်တည်ဆောက်ပုံအတွက် ရှင်းပြချက်တစ်ခုကို သူရှာချင်သည်။ ဒုတိယအချက်ကတော့ ယန်ချူးဂျူးအတွက် သင့်တော်တဲ့ ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ရှာပေးချင်တာကြောင့်ဖြစ်သည်။

နောက်တစ်နေ့ မနက်ခင်း

ဒိပိုင်မင် သက်ပြင်းချလိုက်သည်။ သူ့မျက်လုံးတွေက နီရဲနေခဲ့သည်။ သို့တိုင်အောင် အနက်လေးနဲ့ အခြေအနေတူညီတဲ့ တစ်စုံတစ်ယောက်အကြောင်းကို သူအခုထိ ရှာမတွေ့သေးပေ။ ကံကောင်းစွာနဲ့ အနက်လေးအတွက် သင့်တော်တဲ့ ကျင့်ကြံခြင်းနည်းစနစ်ပါ၀င်တဲ့ ကျောက်စိမ်းကိုတော့ သူနောက်ဆုံးမှာ ရှာတွေ့သွားခဲ့သည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now