အခန်း(၇၉+၈၀+၈၁+၈၂)

1.4K 211 0
                                    

အခန်း(၇၉)နှိမ့်ချတတ်တဲ့ပုံစံမှာလည်း သူ့ရဲ့အဓိပ္ပာယ်ရှိပါတယ်

ရှောင်ဟေး စိတ်တိုသွားသည်။ ဘာလို့ငါက အသုံးမကျရမှာလဲ။ ငါကအရောင်ကိုးသွယ် အင်မော်တယ် ဗာမီလီယံငှက်မဟုတ်ပေမယ့်လည်း ငါက... ဟမ့် အချိန်ကျလာလို့ရှိရင် ငါမင်းရဲ့ဘ၀င်မြင့်နေတဲ့ မျက်လုံးတွေကို ကန်းသွားအောင် ငါလုပ်ပေးမယ်။

“မင်းသားလေး ရှင်မလိုချင်မှတော့ ကျွန်မပဲသိမ်းထားလိုက်တော့မယ်နော်” ဒိပိုင်မင် နောက်ဆုံးတော့ စိတ်ငြိမ်သွားတာကို မြင်ရတဲ့အခါ ယန်ချူးဂျူး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ဘာလို့ဒီကောင်ချောလေးရဲ့ စရိုက်က မြည်းတစ်ကောင်နဲ့ တူနေတာပါလိမ့်။ သူမတစ်ကယ်ပင် သူ့ကို လည်ပင်းညစ်သတ်ချင်မိသည်။

ဒိပိုင်မင်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ငှက်မည်းလေးကို အေးစက်စွာ စိုက်ကြည့်နေလိုက်သည်။ “မင်း အနက်လေးကို သစ္စာဖောက်ရဲရင် မင်းဘယ်နေရာကိုပဲ ပြေးပြေး ဘယ်လိုလှည့်ကွက်ပဲ သုံးပါစေ ငါမင်းကို ခွင့်လွတ်‌မှာမဟုတ်ဘူး”

ရှောင်ဟေးက ချက်ချင်းပင် မျက်နှာလိုမျက်နှာရလုပ်ပြီး ပြောလိုက်သည်။ “ဆွဲ‌ဆောင်မှုရှိတဲ့ မင်းသားလေး မင်းသားလေးပြောတာကို ကျွန်တော် မှတ်ထားပါ့မယ်။ မင်းသားလေး ဘာပြောပြော ကျွန်တော် အဲ့အတိုင်း အကုန်လုပ်ပါ့မယ်”

“ဆွဲဆောင်မှုရှိတဲ့ မင်းသားလေးလို့ မင်းငါ့ကိုခေါဲလိုက်တာလား။ ထွက်သွားစမ်း! ” ဒိပိုင်မင်က သူ့အင်္ကျီလက်စကို ဝှေ့ရမ်းလိုက်ကာ သနားစရာကောင်းတဲ့ ရှောင်ဟေးလေးမှာ နောက်တစ်ခါ အပြင်ဘက်ကို လွှင့်ပစ်ခံလိုက်ရသည်။ ကံကောင်းစွာနဲ့  ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့အတောင်ပံလေးတွေကို ခတ်ဖို့မေ့မသွားတာကြောင့် မြေပေါဲကို ပြုတ်ကျမသွားခဲ့ပေ။

ရှောင်ဟေးက သစ်ကိုင်းတစ်ခုကိုရှာကာ ထိုအပေါဲမှာ နားလိုက်သည်။ သူအရမ်းစိတ်တိုနေတာကြောင့် သူ့အမွှေးတွေတောင်မှ အဆုံးထိထောင်မတ်ကုန်ကြသည်။

ငါကမင်းကို ဆွဲဆောင်မှုရှိတဲ့ မင်းသားလေးလို့ ခေါဲချင်တယ်လို့များ ထင်နေလား။ ထွီ မင်းက ငါ့လောက်တောင်မှ မခန့်ညားတာကို ငါ့ရဲ့အနက်ရောင် အမွှေးတွေကိုကြည့်လိုက် အရမ်း တန်ဖိုးကြီး နှိမ့်ချတတ်ပြီးတော့ နက်နဲသိမ်မွေ့လွန်းတယ်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now