အခန်း(၃၀) သူမရင်ဘတ်အောင့်နေတာပဲဖြစ်ရမယ်

1.7K 266 5
                                    

အခန်း(၃၀) သူမရင်ဘတ်အောင့်နေတာပဲဖြစ်ရမယ်

ယန်ချူးယီနဲ့ အခြားသူတွေက သူမကို ကျောထောက်နောက်ခံပြုနေတာကို မြင်တော့ ယန်ချူးဂျူးရဲ့ သေးသွယ်တဲ့ ခန္တာကိုယ်လေးက ပိုလို့တောင်မှပဲ သိမ့်သိမ့်တုန်လာခဲ့သည်။

ယန်ချူးဂျူးက သူမရဲ့အင်္ကျီလက်အိုးစနဲ့ မျက်ရည်တွေကို သုတ်လိုက်သည်။ “ဝါး ဝါး! ငါလေးက လူလို့တောင်မှ ထပ်ပြီးတော့ လက်ခံနိုင်စရာမရှိတော့ဘူး။ ပိုင်မိုယုက ယန်မိသားစုကို ထိခိုက်စေတဲ့အရာတွေပြုလုပ်ဖို့ ငါ့ကိုအသုံးချခဲ့ပေမယ့် ငါရဲ့ အစ်ကိုတွေနဲ့ အစ်မတွေကတော့  ငါ့ကို ဒီလိုမျိုးကာကွယ်ပေးနေတုန်းပဲ။ ငါယန်ချူးဂျူး ကျိန်ဆိုတယ် အနာဂတ်မှာ ပိုင်မိုယုနဲ့ ငါနဲ့က ထာ၀ရရန်သူတွေပဲ။ ပြီးတော့ ယန်မိသားစုကိုလည်း ငါ့ရဲ့နောက်ဆုံးထွက်သက်အထိ ကာကွယ်ပေးသွားမယ်လို့ ကျိန်ဆိုပါတယ်”

ယန်ချူးဂျူးဆိုးရွားစွာ င်ိုကြွေးနေတာကို မြင်ရတဲ့အခါ ယန်ချူးဝူ သူမရဲ့နှလုံးသားလေး အပြင်ကိုခုန်ထွက်သွားတော့မလိုပင် ခံစားနေရသည်။ သူမက လက်ကိုင်ပုဝါကို ထုတ်လိုက်ပြီးတော့ ယန်ချူးဂျူးရဲ့ မျက်ရည်တွေကို သုတ်ပေးနေလိုက်သည်။ ယန်ချူးယီသည်လည်းထို့အတူ ခံစားနေခဲ့ရသည်။ အရင်တုန်းက သူတို့က ဂျူးလေးကို သိပ်ပြီးအာရုံမစိုက်ခဲ့မိတာကြောင့်သာမဟုတ်ခဲ့ရင် ဂျူးလေးတစ်ယောက် အဲ့ဒီညစ်ပတ်တဲ့ပိုင်မိုယုလှည့်စားတာ ခံခဲ့ရမှာမဟုတ်ဘူး။

ယန်ချူးချီတစ်ယောက်တည်းသာလျှင် ယန်ချူးဂျူးရဲ့စကားတွေကို မယုံကြည်တာကြောင့် သူမရဲ့ခေါင်းကိုတစ်ဖက်သို့လှည့်ပြီး နှုတ်ခမ်းစူနေလိုက်သည်။ ယန်ချူးရှန်အနေနဲ့ကတော့ သူမရဲ့မျက်လုံးတွေက တောက်ပသွားခဲ့သည်။ 'ယန်ချူးဂျူးတစ်ကောင် ပြောင်းလဲသွားပြီလို့ ငါ့အစ်ကိုပြောခဲ့တာ အံ့ဩစရာမရှိတော့ဘူးဘဲ။ သူမကတစ်ကယ်ပဲ အရင်ကနဲ့ မတူတော့ဘူးဘဲ'

ယန်ချူးဂျူးက ယန်ချူးဝူရဲ့ လက်မောင်းထဲမှာ လူးလှိမ့်နေပြီးတော့ နှာတစ်ရှုပ်ရှုပ်နဲ့ ဆို့နင့်နေခဲ့သည်။ ဒါပေမယ့် ထိုအချိန်မှာ သူမတစ်ကယ်စဉ်းစားနေခဲ့တာကတော့ 'ငါလခွမ်း အစ်မငါးက ဘယ်လိုတောင်မှ ကောင်းကောင်းကြီး ဖွံ့ဖြိုးနေတာပါလိမ့်။ ဒါက D Cupပဲ။ ဟုတ်တယ်မလား။ အား ငါလေးအရမ်းကို မနာလိုဖြစ်နေပါပြီနော်'

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now