အခန်း(၁၇) ကျေးဇူးပြုပြီး ငါ့ကိုပါရမီရှင်လို့ခေါဲပါ

1.8K 259 1
                                    

အခန်း(၁၇) ကျေးဇူးပြုပြီး ငါ့ကိုပါရမီရှင်လို့ခေါဲပါ

“နံပါတ်ငါးမမ၊ ကောင်းမှကောင်းပဲ! ဟင်းပွဲတေက အညန်း အရသာချိတာပဲ! အရသာရှိလိုက်တာ!” ယန်ချူးဂျူးရဲ့ ပါးစပ်ထဲတွင် စားစရာတွေကို အပြည့်သိပ်ထည့်ထားပြီး စားပွဲပေါဲမှာ ရှိသမျှကိုလည်း အငမ်းမရ သိမ်းကြုံးဝါးမျိုနေခဲ့သည်။

ယန်ချူးဝူသည်တော့ ယန်ချူးဂျူးကိုကြည့်ရင်း ကြက်သေသေနေတော့သည်။ ဂျူးလေးတစ်ယောက် ဘယ်နှစ်ရက်တောင်မှ အစာရေစာချို့တဲ့နေခဲ့တာများလဲ။

အဓိကစားဖိုဆောင်ထဲက လူတွေကများ ဂျူးလေးကို လျှို့ဝှက်ပြီးတော့ အနိုင်ကျင့်‌နေကြတာများလား။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုမျိုးတော့ ဖြစ်နိုင်လောက်မယ်မထင်ပါဘူး။ သူတို့က ဂျူးလေးကို ဘယ်လောက်ပဲ အထင်သေးနေကြပါတယ်ဆိုဦးတော့ သူမကို ပွင့်ပွင့်လင်းလင်းကြီးတော့ အနိုင်ကျင့်ရဲကြလိမ့်မှာမဟုတ်ဘူး။

ယန်ချူးဝူတစ်ယောက် သတိပြန်၀င်လာတဲ့အချိန်တွင် စားပွဲပေါဲက ဟင်းတွေနဲ့ထမင်းပန်းကန်တွေအားလုံး ပြောင်သလင်းခါသွားပြီဖြစ်သည်။

ယန်ချူးဂျူးက ယန်ချူးဝူရှေ့မှာရှိနေတဲ့ ထမင်းပန်းကန်ကိုကြည့်ပြီးတော့ မဟားဒရားကို သွားရည်တွေကျနေခဲ့သည်။

“နံပါတ်ငါးမမ ဟိုလေ...ဒီနေ့ညီမလေး အရမ်းငိုကြွေးနေခဲ့တာကြောင့် ပုံမှန်ထက်ပိုပြီး‌တော့ ညီမလေးဗိုက်ဆာသွားတာ” ယန်ချူးဂျူးက သနားစရာကောင်းတဲ့ ပုံစံလေးနဲ့ ပြောပြနေခဲ့သည်။

ယန်ချူးဝူ သက်ပြင်းချလိုက်မိသည်။ သူမမှာရွေးချယ်စရာမရှိတော့ဘဲ သူမရဲ့ အစေခံကိုသာ အဓိကစားဖိုဆောင်ထဲမှ နောက်ထပ်စားစရာသွားယူလာခဲ့ဖို့ ပြောလိုက်ရတော့သည်။

ယန်ချူးဂျူးရဲ့ အစာအိမ်လေးက နောက်ဆုံးတော့ ပြည့်သွားခဲ့သည်။ သူမက ကျေနပ်ရောင့်ရဲစွာနဲ့ကုလားထိုင်ပေါဲမှာ မှီနေပြီးတော့ လေချဉ်တောင်တက်လိုက်သေးသည်။ သူမ အချိန်ကူးပြောင်းလာမှုမှာ အနည်းဆုံးတော့ ကောင်းတဲ့အရာတစ်ခုကို ရှာတွေ့သွားခဲ့တာကြောင့် သူမတစ်ကယ့်ကို ပျော်ရွှင်နေတာပင်။ ဒီနေရာက အစားအသောက်တွေက စူပါအရသာရှိပြီး တာရှည်ခံဆေးလုံး၀မပါတဲ့ တစ်ရာရာခိုင်နှုန်း အော်ဂန်းနစ် စစ်စစ်တွေချည်းပဲ။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now