အခန်း(၁၉) မျက်စိစပါးမွေးစူးစရာ တစ်ယောက်နှင့် နှင်းဆီလေးတစ်ပွင့်တွေ့ဆုံမိခြင်း

1.7K 250 1
                                    

အခန်း(၁၉) မျက်စိစပါးမွေးစူးစရာ တစ်ယောက်နှင့် နှင်းဆီလေးတစ်ပွင့်တွေ့ဆုံမိခြင်း

မိန်းမပျိုလေးက ပါးလွှာတဲ့ အဖြူရောင်၀တ်စုံတစ်ခုကို ၀တ်ဆင်ထားတာဖြစ်သည်။ ၀တ်စုံဖြူပေါဲတွင် အနီရောင်ဇီးပန်းပွင့်တစ်ခုကို အနားသတ်အနေနဲ့ ပန်းထိုးထားတာကလွဲလို့ အခြားမည်သည့်အရာမျှ ရှိမနေခဲ့ပေ။  သူမက အခြားကမ္ဘာကလာတဲ့ အင်မော်တယ်မလေးလိုမျိုး လှပနေခဲ့ကာ လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။ ဒါပေမယ့် သူမရဲ့ ပုံစံကတော့ မောက်မာထောင်လွှားတဲ့ပုံစံပင်။ ထိုအရာက အခြားလူတွေကို သူမအားအနည်းငယ် ကြောက်ရွံ့မှု ဖြစ်‌စေသည်။

သူမရဲ့ဘေးတွင်တော့ ပန်းရောင်၀တ်ဆင်ထားတဲ့ နောက်ထပ် မိန်းမငယ်လေးတစ်ယောက် ရှိနေခဲ့သည်။ သူမသည်လည်း လှပတယ်ဆိုပေမယ့် အဖြူရောင်၀တ်ဆင်ထားတဲ့ မိန်းမငယ်လေးနဲ့ ယှဉ်လိုက်ရင်‌ သူမရဲ့၀တ်ဆင်မှုစတိုင်က အနည်းငယ်ကြည့်ရဆိုးနေခဲ့သည်။ ခြုံငုံကြည့်လိုက်မယ်ဆိုရင်တောင် သူမက အရှေ့ကမိန်းမပျိုလေးလောက်တော့ အရမ်းကြီးလှပမနေခဲ့ပေ။

တစ်‌စုံ‌တစ်ယောက်က ပန်းရောင်၀တ်ဆင်ထားတဲ့ မိန်းမပျိုလေးက ပိုင်မိသားစုရဲ့ လေးယောက်မြောက်သခင်မလေး ပိုင်မို့ရုဖြစ်မှန်း မှတ်မိသွားခဲ့သည်။

“မမယန်ရန် ပထမထပ်မှာ သီးသန့်ခန်းတစ်ခု သွားယူကြမယ်လေ။ ဒီအောက်ဆုံးထပ်မှာက အရမ်းဆူညံပြီးတော့ အဆင့်နိမ့်တဲ့လူတွေနဲ့ပဲ ပြည့်နှက်နေတာ။” ပိုင်မို့ရုက သူတို့ရဲ့သီးခြားထိုင်ခုံတွေမှာ ထိုင်နေကြတဲ့ အောက်ဆုံးထပ်မှ လူတွေကို အထင်တ‌သေး ကြည့်လိုက်သည်။

လူတိုင်းက ပိုင်မို့ရုပြောတာကို ကြားလိုက်ရတဲ့အခါမှာ မတတ်နိုင်စွာနဲ့ပဲ စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ကြသည်။ ဒါပေမယ့် အပြင်ဘက်တွင်တော့ သူတို့အားလုံး စကားတစ်ခွန်းမှ ဖွင့်ဟမပြောရဲကြပေ။ အဆုံးမှာတော့ ပိုင်မို့ရုက ယန်ချူးဂျူးနဲ့ တူညီတဲ့အတန်းအစားမျိုးမဟုတ်ပေ။ ပိုင်မို့ရုက ပိုင်မိုယုရဲ့ မွေးချင်းညီမဖြစ်ကာ ပိုင်မိသားစုခေါင်းဆောင် ပိုင်ဖန်းက သူမကို အတော်လေး အလိုလိုက်ချစ်ခင်သည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now