အခန်း(၅၆)ငါထင်ထားတာ နင်ကအမှိုက် ဖြစ်ရမှာများလားလို့

1.5K 252 9
                                    

အခန်း(၅၆)ငါထင်ထားတာ နင်ကအမှိုက် ဖြစ်ရမှာများလားလို့

ပိုင်မိုယု ယန်မိသားစု၀င်တွေကို ကြည့်လိုက်ကာ ကောက်ကျစ်တဲ့ အကြည့်တစ်ချက်က သူ့မျက်နှာမှာ ပေါဲလာခဲ့သည်။ “မင်းတို့အကုန်လုံးက အရမ်းပဲ သေချင်နေကြမှတော့ ဒီဟာကိုလုပ်တဲ့အတွက် ငါ့ကိုအပစ်မတင်ကြနဲ့ပေါ့။ သွားကြ တစ်ယောက်ကိုမှ အရှင်မထားကြနဲ့စမ်း”

“နေအုန်း နေအုန်းခဏလေး နေပါဦး” ယန်ချူးဂျူးက ရှေ့သို့ ခုန်ထွက်လာပြီး ပြောလိုက်တယ်။ “မင်းတို့ငါ့ကို သတ်လို့ရတယ်။ ငါ့ရဲ့ အစ်ကိုနဲ့အစ်မတွေကို လွှတ်ပေးလိုက်”

“ဂျူးလေး ပြန်လာခဲ့စမ်း” ယန်ချူးဝူက ချက်ခြင်းပင် ယန်ချူးဂျူးကို ပြန်ဆွဲခေါဲဖို့ လက်လှမ်းလိုက်သည်။

“ဂျူးလေး” ယန်ချူးယီနဲ့ အခြားသူတွေကလည်း ယန်ချူဂျူးကို ကာကွယ်ပေးဖို့အတွက် သူမရဲ့ရှေ့မှာ ရပ်လိုက်ကြသည်။

“ယန်ချူးဂျူး နင့်ရဲ့သောက်ဖင်ကို ဒီကိုရွှေ့လာခဲ့စမ်း” ယန်ချူးချီက ယန်ချူးဂျူးကို စိုက်ကြည့်လိုက်သည်။

ယန်ချူးဂျူးက သန်မာသလိုမျိုး ဟန်ဆောင်လိုက်ကာ လူတိုင်းကို ပြုံးပြလိုက်သည်။ “အစ်ကိုတို့အစ်မတို့ရဲ့ ညီမအပေါဲ ကြင်နာမှုကို ညိီမနားလည်ပါတယ်။ အစ်မသုံးပြောတာ မှန်တယ်။ ညီမကြောင့် လူတိုင်းကို သေခွင့်မပေးနိုင်ပါဘူး။ အစ်ကိုတို့အားလုံး အိမ်ပြန်ရောက်ကြရင်သာ ညီမအတွက် ကြီးကျယ်ခမ်းနားတဲ့ ဈာပနတစ်ခု လုပ်ပေးပြီးတော့ တစ်ရက်နေ့နဲ့ ဆယ့်ငါးရက်မြောက်နေ့တိုင်းမှာ ‌အမွှေးတိုင်နဲ့ စက္ကူများများ မီးရှို့ပေးပါ။ အိုး ပြီးတော့ အစားအသောက်ကောင်းတွေ လည်းပါတယ်။ အဲ့ဒါက ပိုပြီးတော့ ကောင်းလိမ့်မယ်”

“အဓိပ္ပာယ်မရှိတာ ဂျူးလေး ငါတို့မင်းကို စွန့်ပစ်ခဲ့မှာ မဟုတ်ဘူး။ ယန်ချူးဂျူး ပြောတာကြားလိုက်တဲ့အခါ ယန်ချူးယီက ယန်ချူးရှန်အား မျက်နှာသုန်မှုန်စွဖြင့် စိုက်ကြည့်လိုက်သည်။ 'ငါ့ရဲ့ဒီညိီမသုံးက ကိုယ်ကောင်းဖို့အတွက်ပဲ အကြံထုတ်နေမှန်း သိပေမယ့် သူမကို အရမ်းတစ်ကိုယ်ကောင်း ဆန်လိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး'

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now