အခန်း(၄၄) အနှေးနဲ့ အမြန် သခင်မလေးက သခင့်ရဲ့အပိုင် ဖြစ်လာမှာပါ။

1.7K 274 3
                                    

အခန်း(၄၄) အနှေးနဲ့ အမြန် သခင်မလေးက သခင့်ရဲ့အပိုင် ဖြစ်လာမှာပါ။

“ငါမနက်စာသွားယူလိုက်ဦးမယ်။ နင်တို့နှစ်ယောက် အိမ်ကိုလုံခြုံအောင် သေချာစောင့်ရှောက်ထားကြဦး” အခြေအနေပေါဲမူတည်ပြီး ကောက်ချက်ချတဲ့နေရာမှာ ယန်ချူဂျူးက ကျွမ်းကျင်အဆင့်ဖြစ်သည်။ အစောင့်နှစ်ယောက်ရဲ့ သူမအပေါဲ အပြုအမူကို သတိထားလိုက်မိတာနဲ့ တစ်ပြိုင်နက် ယန်ချူးဂျူးက သူတို့ရဲ့ အကြီးအကဲလိုမျိုး ကောင်းမွန်စွာ စတင်သရုပ်ဆောင်တော့သည်။

“ဟုတ်ကဲ့ပါ နံပါတ်ကိုးသခင်မလေး ကျွန်‌တော်တို့အတွက်လည်း ယူလာပေးဖို့ အမှတ်ရပေးပါဦးနော်” အန်းဖန်က ပန်းသီးကိုပေါဲလစ်တိုက်တဲ့ လေသံနဲ့ ပြောလိုက်သည်။

ယန်ချူးဂျူးက သူ့ရဲ့တောင်းဆိုမှုကို သ‌ဘောတူလိုက်ကာ ခြံ၀င်းအပြင်သို့ ခြေလှမ်းကျဲကျဲနဲ့ လျှောက်လှမ်းသွားခဲ့သည်။

လမ်းတစ်လျှောက်လုံး နံပါတ်ကိုးသခင်မလေးကို တွေ့ခဲ့သမျှ လူတွေအားလုံး သူမဘာလို့ဝါးခမောက်ဆောင်းထားတာလဲဆိုပြီး ပဟေဠိဖြစ်ကုန်ကြသည်။ ဒါပေမယ့်လည်း ဘယ်သူကမှ ဘာလို့လဲလို့ သွားမမေးရဲကြပေ။ ဘာပဲဖြစ်ဖြစ် သူမဆီကနေ ထူးဆန်းတဲ့အပြုအမူမျိုးကို မြင်ရတာမျိုးလည်း ရှိနေတာမှမဟုတ်ဘဲလေ။

အဓိကမီးဖိုချောင်ဆီကို ယန်ချူးဂျူး ရောက်တဲ့အခါ သူမက အစေခံတွေကို စားစရာအပြည့်နဲ့ ဘူးနှစ်ခုကို ထုပ်ပိုးခိုင်းလိုက်သည်။

ယန်ချူးဂျူး စားစရာဘူးတွေကို သယ်ပြီးတော့ သူမရဲ့ခြံ၀င်းဆီ ပြန်လာခဲ့သည်။ ထို့နောက် သူမက အန်းဖန်နှင့် အန်းယင်တို့ကို မနက်စာစားဖို့ ခေါဲလိုက်သည်။

မနက်စာစားပြီးနောက်မှာ ယန်ချူးဂျူးက ကြိမ်ကုလားထိုင်ပေါဲကို ‌သက်တောင့်သက်သာ အမူအရာနဲ့ မှီလိုက်ကာ ဟန်ထုတ်လိုက်ပြီး စတင်သတင်းနှိုက်ဖို့ လုပ်လိုက်သည်။

“နင်တို့ကို ငါဘယ်လိုမျိုး ခေါဲရမှာလဲ”

“ဒီကသာမညောင်ညအစေခံက အန်းဖန်ပါ”

“ဒီကသာမညောင်ညအစေခံက အန်းယင်ပါ”

ဒီလူနှစ်ယောက်က သူတို့ကိုယ်သူတို့ ဘယ်လိုမျိုးညွှန်းဆိုကြလဲဆိုတာကို ယန်ချူးဂျူးကြားလိုက်ရတဲ့အခါ သူမကိုယ်သူမ ပြန်တွေးလိုက်မိသည်။ 'နင်တို့က လူချောလေးရဲ့ အစေခံတွေလေ။ ဘာလို့ ငါ့ရှေ့မှာ နင်တို့ကိုယ်နင်တို့ “သာမညောင်ညအစေခံတွေ”ဆိုပြီးတော့ ပြောနေရတာလဲဟ'

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now