အခန်း(၈၉+၉၀)

1.3K 196 2
                                    

အခန်း(၈၉) ဒါကရေပုံးထဲက ရေတစ်စက်လောက်လေးပါပဲ

ယန်ချူးဂျူး အံအားသင့်ပျော်ရွှင်သွားကာ ချက်ချင်းပင် မှန်ရှေ့ကို အပြေးရောက်သွားသည်။

“ချွမ်းယု နင်ငါ့ကို နောက်နေတာလားဟင်။ ဒါကအရမ်းမည်းနေသေးတုန်းပဲ မဟုတ်ဘူးလား။ မီးသွေးလုံးလေးတစ်ခု အတိုင်းပဲ” ယန်ချူးဂျူးမှာ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေခဲ့ရသည်။ ဒါပေမယ့် မှန်ထဲက သူမကိုယ်သူမ ပြန်မြင်လိုက်ရတဲ့အခါမှာ ချက်ချင်းပင် စိတ်ပျက်အားလျော့သွားတော့သည်။

“သခင်မလေး သေသေချာချာ ကြည့်ကြည့်ပါဦး။ နည်းနည်းလေး ပိုဖွေးလာပါတယ်လို့။ သခင်မလေးက အစတုန်းက မည်းပြီးတော့နက်နေတာလေ။ ဒါပေမယ့် အခုတော့ နည်းနည်းလေး မီးခိုးရောင် ဖြစ်လာပါပြီ” ချွမ်းယုလေးက စိုးရိမ်တကြီးနဲ့ ရှင်းပြနေရှာသည်။

ယန်ချူးဂျူး “...”

မည်းပြီးနက်တယ်? မီးခိုးရောင်ဖြစ်လာတယ်? ချွမ်းယု ကောင်မလေး နင်အဲ့လိုစကားပြောပုံမျိုးနဲ့ သူငယ်ချင်းရလာနိုင်မှာ မဟုတ်ဘူး သိရဲ့လား။

ယန်ချူးဂျူးက မှန်ထဲကို သေသေချာချာ ကြည့်နေခဲ့သည်။ ပြောစရာမလိုအောင်ပင် သူမက တစ်ကယ်ပင် အနည်းငယ်လောက် ဖွေးလာ‌ပေသည်။

ယန်ချူးဂျူး မျက်လုံးလှန်ပြလိုက်တယ်။ ဘာအကြောင်းမှမရှိဘဲနဲ့တော့ ဖြူလာမှာ မဟုတ်ဘူး။ ဟိုအစေ့ အညှောင့်ပေါက်လာလို့များ ဖြစ်နိုင်မလား။ ဒါကြောင့်သူမက အနည်းငယ် ပိုဖွေးလာခဲ့တာများလား။

ဒါဆိုရင် သူမရဲ့မူလခန္တာကိုယ်ပိုင်ရှင် မကျင့်ကြံနိုင်တာကရော ဒီအစေ့ကြောင့်ပဲလား။

သေစမ်း အဲ့လိုပဲဖြစ်ရမယ်။ ကောင်းမွန်တဲ့အရာတွေအားလုံးကို ဒီသစ်စေ့အစုတ်ပလုတ်က စုပ်ယူသွားခဲ့တာပဲ။ အဲ့ဒါကြောင့်ပဲ သူမက မည်းသည်းနေပြီး ရှုံ့တွနေခဲ့တာပဲ။

ဒီလိုဆိုရင် အစေ့က ဘာလို့ရုတ်တစ်ရက်ကြီး အပင်ပေါက်လာတာလဲ။ ဒီပြောင်းလဲမှုက ကောင်းတာလား ဆိုးတာလား။ လျှို့ဝှက်ဆန်းကြယ်မှုတွေက တစ်ခုပြီးတစ်ခုပါပဲလား။ တစ်ကယ်ပဲ ပဟေဠိဖြစ်စရာကောင်းတယ်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now