အခန်း(၅၂)ယုန်၀တုတ်လေး

1.6K 253 3
                                    

အခန်း(၅၂)ယုန်၀တုတ်လေး

ယန်ချူးဂျူး စတင်သနားစရာကောင်းဟန် ဆောင်လာတဲ့အခါ ယောက်ျားလေးတွေက သူတို့ထိုမြင်ကွင်းကို မကြည့်ရက်ကြမှန်း သိရှိသွားခဲ့ကြသည်။

ယန်ချူးရှီက လျင်မြန်စွာပင် သူမလေးကို နှစ်သိမ့်ပေးလိုက်လေသည်။ “ဂျူးလေး မငိုပါနဲ့နော်။ ငါ့နောက်ကိုသာလိုက်ခဲ့။ ငါကမင်းရဲ့ အစ်ကိုလေး ဖြစ်နေမှတော့ မင်းကို ကာကွယ်ပေးပါ့မယ်”

“ဟုတ်တယ်လေ ဂျူးလေးရဲ့။ အစ်ကိုခြောက်အနေနဲ့ ငါ့မှာလည်း မင်းကိုကာကွယ်ပေးဖို့ တာ၀န်ရှိတာပေါ့။ ငါတို့နောက်ကိုသာ လိုက်ခဲ့လိုက်ပါ”

“ဟုတ်တာပေါ့။ ငါတို့လူအများကြီးက မင်းတစ်ယောက်တည်းကို ကာကွယ်မပေးနိုင်တာမျိုး မဟုတ်ပါဘူးကွ။ ဂျူးလေး မင်းရဲ့အစ်ကိုရှစ်က မင်းကိုကာကွယ်ပေးမယ်” ယန်ချူးပါ့က သူ့လက်သီးဆုပ်ကို ဝှေ့ရမ်းပြလိုက်ပြီးတော့ ကြမ်းတမ်းစွာ ပြောလိုက်၏။

“‌မောင်လေးရှစ် မေ့လိုက်ပါတော့ နောက်ဆုံးကျ ပြန်ကာကွယ်ပေးဖို့လိုတာက နင်ပဲဖြစ်နေပါဦးမယ်။ နင်က အခုမှ စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် အလွှာနှစ်ပဲရှိသေးတာ ဒါကိုနင်က လူစွမ်းကောင်း လုပ်ချင်နေတာလား” အားလုံးက ဂျူးလေးကို ကာကွယ်ပေးနေကြတာကို မြင်ရတဲ့အခါမှာ ယန်ချူးချီက ထေ့ငေါ့ပြီး ပြောလိုက်သည်။

“ဟမ့် အစ်မခုနှစ် အစ်မက စိတ်ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် အလွှာသုံးကို အခုမှရောက်ရုံလေးပါ။ အစ်မရဲ့ အောင်မြင်မှုတွေကလည်း အကြီးကြီးတွေ မဟုတ်ပါဘူး” ယန်ချူးပါ့သည် သွေးဆူလွယ်သော လူငယ်လေးတစ်ယောက် ဖြစ်သည်။ ယန်ချူးချီ၏ မှိုချိုးမျှစ်ချိုး ပြောဆိုမှုကို ကြားရတဲ့အခါ သူကချက်ချင်းပဲ ပါးကိုက်နားကိုက် ပြန်ခွန်းတုံ့ပြန်လိုက်သည်။

ယန်ချူးယီက အကြိမ်အနည်းငယ်လောက် ချောင်းဟန့်လိုက်တယ်။ “ကောင်းပြီ ရန်ဖြစ်နေတာ ရပ်တော့။ ငါတို့ဂျူးလေးကို အတူတူခေါဲသွားကြမယ်။ ပြီးတော့ သူမကို ကာကွယ်ပေးကြတာပေါ့။ သွားကြစို့”

အစ်ကိုအကြီးဆုံးအနေနဲ့ ယန်ချူးယီက ယန်မိသားစု၏ ငယ်ရွယ်သော မိသားစု၀င်များကြားတွင် အာဏာကြီးမားသူအဖြစ် ရပ်တည်နေခဲ့သည်။ ထို့ကြောင့် သူတို့အားလုံး ကိုယ့်ရဲ့မြင်းပေါဲကို တက်လိုက်ကြပြီးတော့ အစောင့်တွေကို ခေါဲဆောင်ကာ မွန်းစတားတောအုပ်ဆီသို့ ဦးတည်လိုက်ကြသည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now