အခန်း(၆၄)အရည်ထူသော

1.5K 245 8
                                    

အခန်း(၆၄)အရည်ထူသော

“စိတ်ဝိညာဉ်အနှစ်သာရဂိုဏ်းလား။ အိုးဘုရားရေ ဒါကကမ္ဘာပေါဲက နံပါတ်တစ်ဂိုဏ်းဖြစ်တဲ့ စိတ်ဝိညာဉ်အနှစ်သာရဂိုဏ်းများလားဟင်။ ကျွန်မတို့သေမျိုးတွေရဲ့ မျက်လုံးထဲမှာတော့ ဆရာသခင်တို့က အင်မော်တယ်တွေပါပဲ” ယန်ချူးဂျူးရဲ့ မျက်နှာသေးသေးလေးပေါဲတွင်တော့ အံအားသင့်မှု၊ လေးစားမှုနဲ့ အားကျနေမှုတို့ကို ပြသနေခဲ့သည်။

ပျံသန်းရေး စိတ်ဝိညာဉ်ပစ္စည်းပေါဲက လူတွေက မသိလိုက်စွာဘဲ သူတို့ရဲ့ကျောတွေကို ဆန့်တန်းမိလိုက်ကြကာ အလွန်အမင်း သက်တောင့်သက်သာဖြစ်သလို ခံစားလိုက်ကြရသည်။ ဒီအနက်ရောင် ကောင်မလေးက ဘယ်လိုမျိုး စကားပြောရမလဲဆိုတာ တစ်ကယ်သိတာပဲ။

လေးထောင့်မျက်နှာနဲ့ လူအိုကြီးက ကျယ်လောင်စွာ ရယ်မောလိုက်တယ်။ “မင်းက စကားဘယ်လို‌ ပြောရမလဲ သေချာသိတာပဲကွ”

“အင်မော်တယ်အကြီးအကဲ ကျွန်မပြောခဲ့တာတွေက တစ်ကယ်နှလုံးသားအောက်ခြေကနေ လာတာတွေပါ။ စိတ်ဝိညာဉ်အနှစ်သာရဂိုဏ်းဆိုတာ ကျွန်မရဲ့နှလုံးသားထဲမှာတော့ လက်လှမ်းမမီနိုင်တဲ့ အင်မော်တယ်ဂိုဏ်းကြီးတစ်ခုပါ။ ကျွန်မသာ စိတ်ဝိညာဉ်အနှစ်သာရဂိုဏ်းထဲ ၀င်ခွင့်ရနိုင်မယ်ဆိုရင် မီးထိုးပေးရတဲ့ ကောင်မလေးပဲ ဖြစ်ရမယ်ဆိုရင်တောင်မှ ကျွန်မရဲ့ဘိုးဘေးတွေကို အရမ်းကျေးဇူးတင်မိမှာပဲ” ယန်ချူးဂျူးရဲ့ မျက်လုံးတွေက တောက်ပလင်းလက်နေခဲ့ကာ ထိုအရာကသာ သူမဘ၀ရဲ့ အကြိီးမားဆုံးအိမ်မက်ကြီးတစ်ခု ဖြစ်နေသလိုမျိုး ပြုမူနေခဲ့သည်။

“တောင်ကုန်းသခင် ဘာလို့ကျုပ်တို့ ဒီကလေးမလေးကို ဂိုဏ်းဆီမခေါဲသွားကြရမှာလဲ။ ဘယ်လောက် ၀မ်းနည်းစရာကောင်းလိုက်တဲ့ ဇာတ်လမ်းလေးလဲ” ၀တုတ်နေတဲ့ လူအိုကြီးတစ်ယောက်က သဲသဲကွဲကွဲမကြားရတဲ့ လေသံနဲ့ပြောလိုက်တယ်။

ယန်ချူးဂျူး ပျော်ရွှင်သွားခဲ့သည်။ အိုးမိုင် ဖိုးဖိုးဖက်တီးရေ ကျွန်မအဖိုးကို သေလောက်အောင် ချစ်သွားပြီ။ ဒီကူညီမှုကို ကျွန်မမှတ်ထားပါ့မယ်။ အနာဂတ်မှာ အဖိုးကိုကျွန်မက ဒီအကူအညီရဲ့ နှစ်ဆကို ပြန်ပေးမယ်နော်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now