အခန်း(၆၇+၆၈)

1.5K 235 21
                                    

အခန်း(၆၇) ပစ်ချလိုက်စမ်း!

ကပ်ဘေးမ်ိုးကြိုးမှာ ကြောင်အသွားရသည်။ တွင်းထဲက ဥကိုလား သစ်ပင်အကိုင်းပေါဲက အနက်ရောင် ကောင်မလေးကိုလား။ ငါလာတုန်းက အဲ့ဒီမှာ ပစ်မှတ်နှစ်ခုရှိနေမယ်လို့ ဘယ်သူမှ မပြောခဲ့ပါဘူး!

ကပ်ဘေးမိုးကြိုးမှာ ဆုံးဖြတ်မရဖြစ်နေရသည်။

တစ်ခဏမှာ သူကတွင်းဆီ ပြေးသွားပြီး နောက်တစ်ခဏမှာ သူကယန်ချူးဂျူးဆီ ရွှေ့သွားပြန်သည်။

တွင်းထဲကဥနဲ့ သစ်ပင်ပေါဲက ယန်ချူးဂျူးတို့က အဆင်ပြေကြပေမယ့် အောက်ကလူတွေသည်တော့ ရှော့ရကုန်ကြသည်။

မဟုတ်သေးဘူး။ ကပ်ဘေးမိုးကြိုးက အရောင်ကိုးသွယ် အင်မော်တယ် ဗာမီလီယံငှက်ဥဆီ ဦးတည်နေတဲ့ပုံမပေါဲဘူး။ မဟုတ်မှလွဲ အဲ့ဒါက ငါတို့ကိုသတ်ချင်နေတာများလား။

ကြောက်လန့်စွာနဲ့ လူတိုင်းက တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးရင်း ဆွေးနွေးလာကုန်ကြလေ၏။

ကောင်းကင်ပေါဲက ကပ်ဘေးမိုးကြိုးက ဒေါသထွက်သွားခဲ့သည်။

သူကလူပြည့်ကျပ်နေတဲ့ ဧရိယာထဲကို ပစ်၀င်သွားလိုက်သည်။

ကံမကောင်းရှာတဲ့ ရောင်းရင်းတစ်ယောက်မှာ ချက်ခြင်းပင် တူးခြစ်သွားရလေသည်။

မိုးခြိမ်းသံတွေကို ကောင်းကင်ကနေ ဖျော့တော့စွာ ကြားနေရသည်။ ကျန်နေတဲ့လူအားလုံး ကြောက်ကြောက်လန်လန့်နဲ့ ခြေဦးတည့်ရာ အရပ်ပေါင်းစုံကို ပြေးလွှားကုန်ကြသည်။ အရောင်ကိုးသွယ် အင်မော်တယ် ဇာမီလီယံငှက်က ရှားပါးပေမယ့်လည်း သူတို့ရဲ့အသက်ကတော့ ပိုပြီးရှားပါးသည်လေ။

သူတို့တွေ တစ်နေရာရာမှာ သွားလှဲနေပြိီးတော့ မိုးကြိုးပစ်တာရပ်သွားအောင်လို့ စောင့်ရမယ်။ ပြီးတော့မှ အရောင်ကိုးသွယ် အင်မော်တယ် ဗာမီလီယံငှက်ကို အလစ်နှိုက်ဖို့ ပြန်လာရမယ်။

ကပ်ဘေးမိုးကြိုးက ဒီတစ်ကြိမ်မှာတော့ သင်ခန်းစာရသွားပြီဖြစ်သည်။ သူကအရင်ဆုံး သစ်ပင်ပေါဲက အ‌နက်ရောင် ကောင်မလေးဆီကို ပစ်ချပြီးမှ တွင်းထဲက ဥကိုပစ်ချဖို့ ဆုံးဖြတ်လိုက်တယ်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now