အခန်း(၅၄) သတ္တုအရိုး၀က်ဝံ

1.6K 273 7
                                    

အခန်း(၅၄) သတ္တုအရိုး၀က်ဝံ

ကြီးမားသော သတ္တုအရ်ိုး၀က်ဝံကြီး တစ်ကောင်က ပြေးလာပြီးတော့ တံစို့ပေါဲက သားကောင်ကို ဆုပ်ကိုင်လိုက်ကာ စားလိုက်သည်။

ယန်ချူးဂျူး အလွန်ဒေါသထွက်သွားကာ သူမရဲ့မျက်လုံးတွေက ရဲရဲနီသွားခဲ့သည်။

'သေစမ်း ငါလေးတောင်မှ စားလို့မ၀သေးဘူး။ နင်ကဘာလို့ဒီနေရာ ရောက်လာပြီးတော့ ငါလေးရဲ့အစာကို ခိုးရဲရတာလဲ။ သေလိုက်စမ်း'

ယန်ချူးဂျူးဆီမှ ထွက်ပေါဲလာတဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ အရှိန်အဝါကြောင့် ယန်ချူးဝူ ကြောက်လန့်သွားခဲ့ကာ သူမတွေးလိုက်မိတယ်။ 'ဂျူးလေးဘာများ ဖြစ်သွားတာပါလိမ့်။ သူမအရမ်းကြောက်ရွံ့သွားတာကြောင့်များလား'

ယန်ချူးဝူက ထိုအကောင်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်ပြီးတော့ တီးတိုးပြောဆိုလိုက်တယ်။ “ယေဘူယျအားဖြင့် ပြောရရင် ဒီနေရာတစ်ဝိုက်က ပထမအဆင့်မွန်းစတား‌တွေ လှုပ်ရှားတဲ့ ပိုင်နက်အတွင်းမှာပဲ ရှိနေသင့်တယ်။ ဘာကြောင့်များ ဒီနေရာမှာ ဒုတိယအဆင့် သတ္တုအရိုး၀က်ဝံတစ်ကောင် ရှိနေတာလဲ”

“အစ်ကိုကြီး သတ္တုအရိုး၀က်ဝံက မွန်းစတားအသားရဲ့ ဆွဲဆောင်တာကို ခံရပြီး ရောက်လာတာ ဖြစ်လိမ့်မယ်။ ဒီ၀က်ဝံက အတော်လေး ရင်ဆိုင်ဖို့ ခက်ခဲတယ် ဆိုပေမယ့် ကျွန်တော်တို့အားလုံး အတူတူပူးပေါင်းပြီး သတ်လို့တော့ ရနိုင်ပါတယ်။ ဘယ်သူသိမှာလဲ။ အဲ့ဒီ၀က်ဝံရဲ့ခန္တာကိုယ်ထဲမှာ သလင်းကျောက်အမြုတေတွေ ရှိချင်ရှိနေလိမ့်မှာပေါ့” ယန်ချူးပါ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“မင်းတို့အားလုံး အကုန်လုံး၀င်ပြီးတော့ မတိုက်ကြနဲ့ဦး။ ချူးရှီနဲ့ငါ အရင်ဆုံး တိုက်ကြည့်ကြည့်လိုက်ဦးမယ်” ယန်ချူးယီက ယန်ချူးရှီကို ကြည့်လိုက်ပြီးတော့ သူတို့နှစ်ယောက်လုံး ထို၀က်ဝံရဲ့ အရှေ့နဲ့ အနောက်တွင် နေရာယူလိုက်ကြကာ ထိုအကောင်ကို ပိတ်ဆို့ထားလိုက်ကြသည်။

ယန်ချူးယီက သူ့လက်ကို ပင့်မြှောက်လိုက်ပြီးတော့ လေဓားသွားတစ်ခုက သတ္တုအရိုး၀က်ဝံ၏ ရင်ဘတ်ဆိီသို့ ပျံသန်းသွားခဲ့သည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now