အခန်း(၃၇) မိုးကြိုးအပစ်ခံရပြီ

1.8K 267 4
                                    


အခန်း(၃၇) မိုးကြိုးအပစ်ခံရပြီ

“အိုး မိုးရွာနေပြီ ဖိုးဖိုး သမီးအခု သမီးရဲ့နေရာကို ပြန်မှရတော့မယ်။ မဟုတ်လို့ မိုးပိုသည်းလာရင် သမီးပြန်လို့ရမှာ မဟုတ်တော့ဘူး” ယန်ချူးဂျူးက အပြင်ကိုကြည့်ပြီး ပြောလိုက်တယ်။

“ထီးဆောင်းပြီး ပြန်သွားချေ။ အပြန်လမ်းမှာ ဂရုစိုက်။ ချော်မလဲစေနဲ့ဦး” ယန်ရှောင်ရှန်းက ဆီစိမ်စက္ကူထီးတစ်ချောင်း ထုတ်လိုက်ကာ ယန်ချူးဂျူးကို ကမ်းပေးလိုက်သည်။

ယန်ချူးဂျူးက ဆီစိမ်စက္ကူထီးကို ယူလိုက်ပြီးတော့ အပြုံးတစ်ခုနဲ့အတူ စာကြည့်ခန်းထဲမှ ထွက်သွားခဲ့သည်။

နတ်ဆိုးမလေး ယန်ချူးဂျူးက လက်ရှိတွင် စိတ်ကောင်း၀င်နေခဲ့သည်။ 'ငါလေးဒီနေ့ ကောင်းကောင်းကြီး ရိတ်သိမ်းနိုင်ခဲ့တာပဲ။ တစ်နေ့တည်းနဲ့ ငွေတုံးငါးသိန်းကို ငါလေးရခဲ့တယ်။ ပြီးတော့ ပိုင်မိုယုနဲ့ ပိုင်မို့ရုတို့ရဲ့ ပိုက်ဆံအိတ်တွေထဲက ငွေတုံးရာဂဏန်းအနည်းငယ်လည်း ရှိသေးတယ်'

ဒါ့အပြင်ကို သူမရဲ့နာမည်ကိုလည်း လုံး၀ပြန်ပြီး ရှင်းလင်းနိုင်ခဲ့တယ်။ ‌အသေးအဖွဲလေးကအစ  သံသယလွန်ကဲတတ်တဲ့ ပိုင်ဖန်းတစ်ယောက် ပိုင်မိုယု သူမဆီကနေယူသွားတဲ့ ဆေးလုံးကို စားရဲသေးဦးမှာမဟုတ်ဘူး။ ဟားဟား ဘယ်လိုတောင် လှပလိုက်တဲ့ နေ့လေးတစ်နေ့လဲ။

အနှီမိန်းကလေးက သူမအတွေးနဲ့ သူမဘာသာ ကျေနပ်နေတုန်းတွင် ခရမ်းရောင်မိုးကြိုးတစ်စင်းက  သူမရှိရာဘက်သို့ တစ်ဖျစ်ဖျစ်မြည်ရင်းနဲ့ ကောင်းကင်ကနေ ဆင်းသက်လာခဲ့သည်။

ယန်ချူးဂျူး အလွန်အမင်း လန့်ဖြန့်သွားတာကြောင့် သူမကျိန်ဆဲလိုက်မိသည်။ သူမက ထီးကိုအဝေးသို့ လွှင့်ပစ်လိုက်ပြီးတော့ ထိတ်ထိတ်ပျာပျာနဲ့ ယုန်တစ်ကောင်လိုမျိုး ခုန်ရှောင်လိုက်သည်။

သို့ပေမယ့်လည်း အနှီမိုးကြိုးက သူမကို မြင်နိုင်တဲ့ပုံပေါဲသည်။ ယန်ချူးဂျူးတစ်ယောက် နေရာပေါင်းစုံကို ပတ်ပြေးနေတာတောင်မှပဲ မိုးကြိုးက သူမနောက်ကို ဆက်လိုက်နေသည်ပင်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now