အခန်း(၄၅) ကျေးဇူးပြုပြီး ကူညီပေးပါနော် ဆွဲဆောင်မှုရှိတဲ့ မင်းသားလေး

1.7K 274 10
                                    

အခန်း(၄၅) ကျေးဇူးပြုပြီး ကူညီပေးပါနော် ဆွဲဆောင်မှုရှိတဲ့ မင်းသားလေး

ယန်ချူးဂျူး လျှို့ဝှက်စွာဖြင့် အံကြိတ်လိုက်မိတယ်။ 'ခွင့်ပြုပါဦး နင့်ဘာသာ ဗိုက်ဆာတာ ငါလေးနဲ့ ဘာဆိုင်လို့တုန်း ငါလေးက နင့်အမေလား ဒါမှမဟုတ် အဖေလားဟ'

သူမနှလုံးသားထဲမှာ စိတ်ဓာတ်ကျစွာ တွေးနေပေမယ့်လည်း သူမပြောလိုက်သည်။“ဆွဲဆောင်မှုရှိတဲ့ မင်းသားလေး ရှင့်ရဲ့မနက်စာက နွေးနေတုန်းပဲ ရှိပါသေးတယ်။ ကျွန်မအခုပဲ ရှင့်ဆီကို ယူလာပေးမယ်နော်”

သူမအခုလိုမျိုး ဆက်သရုပ်ဆောင်နေရရင် သူမတစ်ကယ် ရူးသွားတော့မယ်လို့ ယန်ချူးဂျူး ခံစားနေရသည်။

ယန်ချူးဂျူး စားစရာဘူးတစ်ခု သယ်လာပြီးတော့ မျက်နှာချိုသွေးတဲ့ အမူအရာနဲ့ အခန်းထဲ၀င်လာခဲ့သည်။ ကံကောင်းစွာဖြင့် မနက်တုန်းက အပြင်ဘက်မှာ သူမတို့သုံးယောက်က စားစရာတစ်ဘူးတည်းကိုသာ စားခဲ့ကြသည်။ ထိုသို့ဖြစ်သွားတာကြောင့် ကျန်နေတဲ့တစ်ဘူးကို ဒိပိုင်မင်ဆီ သူမပေးလို့ရသွားခဲ့၏။

ဒိပိုင်မင်က အိပ်ရာကို ပျင်းရိပျင်းတွဲနဲ့ မှီနေကာ ယန်ချူးဂျူး အခန်းထဲ၀င်လာတာ တွေ့တဲ့အခါ သူအနည်းငယ်ပြုံးလိုက်သည်။

“ဆွဲ‌ဆောင်မှုရှိတဲ့ မင်းသားလေး ရှင်နိုးလာပြီလား။ မင်းသားလေးက အိပ်စက်ပြီးတဲ့နောက်မှာ ဘာလို့ပိုပြီး ကြည့်ကောင်းလာတာလဲ”  ယန်ချူးဂျူးက ဖော်လံဖားတဲ့မျက်နှာနဲ့ ပြောလိုက်သည်။

ဒိပိုင်မင်တစ်ယောက် ယန်ချူးဂျူးရဲ့ “ကြီးမားကောင်းမွန်တဲ့ ၀န်ခံချက်ကြီး” ကိုကြားလိုက်ရပြီးနောက် ပျော်ရွှင်သွားခဲ့ကာ အမ်းဟု တိုးလျစွာပြောလိုက်သည်။ သူက စားပွဲရှေ့သို့ ရွှေ့လိုက်ကာ မနက်စာကို ဖြည်းညင်းစွာ စစားလိုက်သည်။

ယန်ချူးဂျူးက မေးထောက်ပြီးတော့ ဒိပိုင်မင်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။

'သေစမ်း... ဒီကောင်ချောလေးက ဘာလို့များ မတရား ချောမောနေနိုင်တာတုန်း။ ဒါကအရမ်းကို မတရားလွန်းတာပဲ။ ငါတစ်ကယ်ပဲ သူ့မျက်နှာပေါဲမှာ လိပ်ပုံလေး တစ်ကောင်လောက် ဆွဲချင်လိုက်တာ။ ငါလေးဆွဲပြိီးသွားရင် သူဆက်ပြီးတော့ ချော‌နေနိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့' ယန်ချူးဂျူး ဆက်တွေးနေခဲ့ကာ သူမရဲ့မျက်နှာပေါဲတွင် နားလည်ရခက်တဲ့ အပြုံးတစ်ခု ဖြစ်ပေါဲလာခဲ့သည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now