အခန်း(၄၈) သာမန်ခေါင်းပြောင် မဟုတ်ရပါဘူး

1.7K 277 2
                                    

အခန်း(၄၈) သာမန်ခေါင်းပြောင် မဟုတ်ရပါဘူး

'တစ်ကယ်ရုပ်ဆိုးတာပဲ... တစ်ကယ်ရုပ်ဆိုးတာပဲ...'

သူမရဲ့ဆံပင်တွေ အကုန်လုံး မီးလောင်သွားခဲ့တာကို ယန်ချူးဂျူး ကျေးဇူးတင်မိသွားခဲ့သည်။ မဟုတ်လို့ရှိရင် သူမအခုအချိန်မှာ ဒေါသအထွက်လွန်ပြီး သူမရဲ့ဆံပင်တွေအကုန်လုံး မီးစတောက်လာကြလိမ့်မှာ သေချာသည်။ 'ဒီကောင်ချောလေးရဲ့ ပါးစပ်က သောက်ရမ်းညစ်ပတ်တာပဲ'

ဒိပိုင်မင် ပြောပြီးသွားတဲ့အခါ သူက အန်းဖန်နဲ့ အန်းယင်ကို ခေါဲပြီးတော့ လျင်မြန်စွာ ထွက်သွားခဲ့၏။ သူ့ရဲ့ပုံစံက တစ်ယောက်ယောက်က အနိုင်ယူတာကို ခံလိုက်ရပြီးတော့ ထွက်ပြေးနေတာနဲ့ တူနေခဲ့သည်။

“မြင့်မြတ်တဲ့ သခင် နန်းတော်မှာ အရေးပေါဲကိစ္စ တစ်ခုခုများ ဖြစ်လို့များလားဟင်” အန်းဖန်းက စပ်စပ်စုစု မေးလိုက်သည်။

ဒိပိုင်မင်က သူ့ကို ကြောက်စရာကောင်းစွာ စိုက်ကြည့်လိုက်တယ်။ “ဘာလို့မင်းက ငါ့နောက်ကို လိုက်လာတာလဲ။ ဟိုအနက်လေးကို ကာကွယ်ဖို့ မင်းမနေခဲ့သင့်ဘူးလား”

အန်းဖန်က သူ့ပုခုံးတွေကို နှိမ့်လိုက်သည်။ “မြင့်မြတ်တဲ့ သခင် သခင်စိတ်ချလိုက်ပါ။ ကျွန်တော်နံပါတ်ကိုးသခင်မလေးကို ကာကွယ်ပေးထားပြီးတော့ သူမထိခိုက်ဒဏ်ရာ လုံး၀မရစေရဘူးလို့ ကျွန်တော်အာမခံပါတယ် သခင်”

“အန်းဖန် အခုနောက်ပိုင်း မင်းရဲ့ခေါင်းက သေချာကော အလုပ်လုပ်သေးရဲ့လား။ မင်းရဲ့စိတ်ကြည်လင်သွားအောင်လို့ ပေတစ်သောင်းရေကန်ဆီ လမ်းလျှောက်ထွက်ဖို့ လိုသေးလား” ဒိပိုင်မင်က စိတ်ငြိမ်ငြိမ်ထားလိုက်ပြီးတော့ အန်းဖန်ကို အေးစက်စွာဖြင့် ဝေ့ကြည့်လိုက်၏။

အန်းဖန် ရုတ်တစ်ရက် သတိပေးသံတွေ ဆူညံသွားခဲ့တယ်။ နောက်ဆုံးတစ်ခေါက်တုန်းက ဒိပိုင်မင်ပြောခဲ့တာကို သူပြန်သတိရသွားပြီးတော့ သူလျင်မြန်စွာ ပြန်ပြောလိုက်သည်။ “မြင့်မြတ်တဲ့ သခင် ကျွန်တော် နားလည်ပါပြီ။ နံပါတ်ကိုးသခင်မလေးရဲ့ အသက်အန္တရာယ် ကို ခြိမ်းခြောက်မခံရဘူးဆိုရင် ကျွန်တော်၀င်ပြီး မလှုပ်ရှားပါဘူး”

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now