အခန်း(၄၀) နင့်ရဲ့တစ်မိသားစုလုံးကမှ ရယ်စရာ ကုန်ကြမ်းတွေပဲ။

1.8K 299 29
                                    

အခန်း(၄၀) နင့်ရဲ့တစ်မိသားစုလုံးကမှ ရယ်စရာ ကုန်ကြမ်းတွေပဲ။

ဒိပိုင်မင် ပိုတွေးမိလေ သူပိုပြီး ဒေါသထွက်လာလေပင်။ သူ့ရှေ့က စားပွဲကို သူရိုက်ချလိုက်သည်။

“အန်းယင် ချင်းရွှမ်တိုက်ဆီကို ငါနဲ့လိုက်ခဲ့”

“ဟုတ်ကဲ့ပါ သခင်”

အန်းယင်နဲ့ အန်းဖန်က လုံး၀ဆန့်ကျင်ဘက်တွေ ဖြစ်သည်။ အန်းဖန်က ဘွင်းဘွင်းရှင်းရှင်းနဲ့ ပျော်ပျော်နေတတ်သူဖြစ်သည်။ ထိုအချိန်တွင် အန်းယင်သည်ကတော့ မျက်နှာသေကြီးကို ဆင်မြန်းထားကာ ခံစားချက်အမူအရာကို ထုတ်ပြတာ ရှားပါးသည်။

ဘယ်လိုပဲဖြစ်ဖြစ် အန်းယင် သိချင်မိသွားခဲ့သည်။ အပြင်ဘက်မှာ မှောင်နေတုန်းကို ဘာလို့ သခင်က ချင်းရွှမ်တိုက်ဆီ ရုတ်တစ်ရက် သွားချင်သွားတာလဲ။ သူတို့ အဲ့ဒီတိုက်ကနေ ပြန်ရောက်ရုံလေးပဲ ရှိသေးတယ်မလား။

ထိုသို့ သူသိချင်နေတယ် ဆိုရင်တောင်မှပဲ သူ့မျက်နှာကတော့ ဆက်လက် အမူအရာကင်းမဲ့နေခဲ့သည်။

ယန်ချူးဂျူးကတော့ သူမရဲ့ “ဆွဲဆောင်မှုရှိတဲ့ မင်းသားလေး” လာနေပြီဆိုတာ မသိသေးပေ။ သူမက ရေချိုးပြီးတဲ့နောက်မှာ သူမရဲ့မျက်နှာကို လက်နှစ်ဖက်ထဲ ထည့်ထားပြီးတော့ ရောက်တတ်ရာရာ လျှောက်တွေးနေခဲ့၏။

ယန်ချူးဂျူးက သူမဘယ်လိုမျိုး မိုးကြိုးအပစ်ခံခဲ့ရသလဲ ဆိုတဲ့အကြောင်းကို အသေးစိတ် ပြန်လည်တွေးတောနေခဲ့သည်။ ကြည့်ရသလောက်ကတော့ ခရမ်းရောင်မိုးကြိုးဆိုရင် သူမကိုရိုက်ဖို့ အရင်ဆုံး လက်ဦးမှုယူတတ်ပြီးတော့ ငွေရောင်မိုးကြိုးဆိုရင်တော့ သူမကနေ သတ္တုတစ်ခုခုကို အသုံးပြုပြီး ဆွဲဆောင်မှသာ သူမကို ပစ်ချတဲ့ပုံပဲ။

'ဘာလို့များ အဲ့လိုဖြစ်ရတာလဲ'

သူမပုံမှန်စုပ်ယူလေ့ရှိတာက ခရမ်းရောင် အလင်းလုံးတွေဖြစ်သည်။ ဒါပေမယ့် ငွေရောင်မိုးကြိုးလုံးတွေကိုတော့ သူမတစ်ခါမှ မစုပ်ယူဖူးပေ။ ဒါဆို ငွေ‌ရောင်မိုးကြိုးက သူမအတွက် အသုံးမ၀င်တာများ ဖြစ်နေမလား။

ယန်ချူးဂျူး ခြေချိတ်ထိုင်လိုက်ပြီးတော့ သူမရဲ့ အတွင်းဘက်အမြင်ကို အသုံးချကာ ဒန်ရှန်နေရာကို စစ်ဆေးကြည့်လိုက်သည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now