အခန်း(၁၃) ရှားပါးရတနာတစ်ခု ပိုင်ဆိုင်ထားခြင်း

2K 281 2
                                    

အခန်း(၁၃) ရှားပါးရတနာတစ်ခု ပိုင်ဆိုင်ထားခြင်း

ယန်ရှောင်ရှန်းက အစတုန်းကတော့ သူကြားခဲ့ရတဲ့ သတင်းတွေကြောင့် ဒေါသထွက်နေခဲ့သည်ပင်။ ဒါပေမယ့် သူယန်ချူးဂျူး ပြောတဲ့အကြောင်းကို တွေးလိုက်မိတာနဲ့ အကျယ်ကြီးရယ်လိုက်မိသည်။ ဂျူးလေးက အမြဲတမ်း သူမရဲ့ ပြာယာခတ်ပြီးတော့  စကားပြောနှေးကွေးတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ခဲ့တာပါ။ သူမက ရုတ်တစ်ရက်ကြီး ဘာလို့ ဉာဏ်ကောင်းလာတာပါလိမ့်။ သူမကို သေတဲ့အထိ ရိုက်‌ပေးဖို့တဲ့လား။ သူမက သူအလျှော့ပေးလာအောင်လို့ ဉာဏ်ဆင်နေတာ အသိသာကြီးပဲ။

ယန်ရှောင်ရှန်းက ယန်ချူးဂျူးကို သေသေချာချာ ကြည့်လိုက်သည်။ မဟုတ်သေးဘူး သူလူမမှားပါဘူး။ ဒါက ဂျူးလေးဆိုတာ သေချာပါတယ်။ ဘာလို့ သူမက ရုတ်တစ်ရက်ကြီး လိမ္မာပါးနပ်လာတာလဲ။ ဖြစ်နိုင်တာက ပိုင်မိုယုကြောင့် ဆိုးဆိုးရွားရွားနာကျင်သွားတာကြောင့်များ ရုတ်တစ်ရက်ကြီး ဉာဏ်အလင်းပွင့်သွားတာများလား။

ယန်ရှောင်ရှန်းက သူမကို ဘာမှမပြောဘဲ စိုက်ကြည့်နေတာကို ယန်ချူးဂျူးမြင်လိုက်ရတဲ့အခါ သူမက ‌ကျောပေါဲကသစ်ကိုင်းကို ဆွဲယူလိုက်ပြီးတော့ လက်နှစ်ဖက်နဲ့ မြှောက်ထားလိုက်သည်။ “ဖိုးဖိုး သမီးသိပါတယ် ဖိုးဖိုးကသမီးကို ချစ်တာကြောင့် သမီးကိုသေတဲ့အထိရိုက်သတ်ဖို့ ၀န်လေးနေမယ်ဆိုတာ။ ဘာလို့ဖိုးဖိုး ဒီသစ်ကိုင်းကိုသုံးပြီးပဲ သမီးကို သင်ခန်းစာရအောင်လို့ အကြိမ်အနည်းငယ်လောက် မရိုက်နှက်ရတာလဲ။ ‌ဒီလိုဆိုရင်ကောဟင် ဖိုးဖိုး”

ယန်ရှောင်ရှန်းက ယန်ချူးဂျူး‌ သူ့ဆီ‌ကမ်းလာတဲ့ သစ်ကိုင်းကို ကြည့်လိုက်ပြီးတော့ သူ့ရဲ့မျက်ခွံတွေတောင် ဆတ်ခနဲတွန့်သွားခဲ့သည်။ 'ဒီကလေးမစုတ်လေးကတော့ ငါ့ကိုလာနောက်နေတာလား။ ဒီသစ်ကိုင်းက ခေါက်ဆွဲထက်တောင်မှ သေးသေးတယ်။ နင့်ရဲ့ အရေပြားကို ထိတဲ့အချိန်မှာပဲ ဒီသစ်ကိုင်းက ကျိုးသွားလိမ့်မယ်။'

“မင်းကို ပိုင်မိုယုက ဘယ်လိုမျိုး လှည့်စားခဲ့တယ်ဆိုတာကို အသေးစိတ်ပြောပြ” ယန်ရှောင်ရှန်းက သစ်ကိုင်းကို ကြမ်းပြင်ပေါဲပစ်ချလိုက်ကာ မဲမှောင်နေတဲ့ အမူအရာနဲ့မေးလိုက်သည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now