အခန်း(၅၈)မဖိတ်ခေါဲထားသော ဧည့်သည်များ

1.5K 242 5
                                    

အခန်း(၅၈)မဖိတ်ခေါဲထားသော ဧည့်သည်များ

လူတိုင်းမော့ကြည့်လိုက်ကြကာ အနက်ရောင်အစက်သုံးခုကို ကောင်းကင်ပေါဲမှာ မြင်လိုက်ကြရသည်။ သူတို့တွေက လျင်မြန်စွာ ချည်းကပ်လာနေကြတာ ဖြစ်လေ၏။

“အိုး ဘုရားရေ ဒါကဒဏ္ဍာရီလာ ပျံသန်းနိုင်တဲ့ စိတ်ဝိညာဉ်အသုံးအဆောင်ပါလား”

“အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ရောက်ရှိလာတာပဲ ဖြစ်မယ်”

“ဒူးထောက်ကြ မြန်မြန်ဒူးထောက်ကြ အဲ့ဒီအစွမ်းထက်ပုဂ္ဂိုလ်သာ ဒေါသထွက်သွားရင် ငတို့အားလုံး သေကုန်လိမ့်မယ်”

…..

ပိုင်မိသားစုကော ယန်မိသားစုပါ ဒူးထောက်လိုက်ကြသည်။ သူတို့က သူတို့ကိုယ်သူတို့ ပြဿနာပေးမိမှာကို ကြောက်ရွံ့နေခဲ့ကြလေ၏။

ယန်ချူးဝူက ယန်ချူးဂျူးတစ်ကောင် အစားမပြတ်ဘဲ ယုန်ခြေ‌ထောက်ကို တစ်တိတိကိုက်ဝါးနေတာကို မြင်ရတဲ့အခါ သူမကိုအမြန်ဆောင့်ဆွဲချလိုက်သည်။ ဒါပေမယ့်ယန်ချူးဂျူးက အနှီအစွမ်းထက်ပုဂ္ဂိုလ်ဆိုတဲ့သူရဲ့ ရှေ့မှာ ဒူးထောက်ဖို့ကို နည်းနည်းလေးမှ စိတ်မ၀င်စားပေ။ သူမက မြေကြီးပေါဲ ထိုင်ချလိုက်ကာ မျက်တောင်ခတ်လိုက်ပြီးတော့ သူတို့ဆီပျံလာနေတဲ့ စိတ်ဝိညာဉ်ရတနာကို စိုက်ကြည့်နေခဲ့သည်။

ဒိပိုင်မင်က သူလာတဲ့အချိန်တိုင်း ပျံနိုင်တဲ့ စိတ်ဝိညာဉ်ပစ္စည်းကို အမြဲတမ်းအသုံးပြုခဲ့သည်။ ဒါပေမယ့် မလိုအပ်တဲ့ အာရုံစိုက်ခံရမှုတွေကို ရှောင်ရှားဖို့အတွကါ ဒိပိုင်မင်က သူ့ရဲ့ပုံရိပ်ကို နှိမ့်ချကာ ဝေးလံတဲ့နေရာမှာသာလျင် ပျံသန်းနိုင်တဲ့ စိတ်ဝိညာဉ်ရတနာကို အသုံးပြုလေ့ရှိသည်။ ဒါ့ကြောင့် ယန်ချူးဂျူးက ပျံသန်းနိုင်တဲ့ စိတ်ဝိညာဉ်ရတနာကို မမြင်ဖူးခဲ့ပေ။

'ကျွတ် ဒါကဘာကြီးမှ မဟုတ်ပါဘူးဟ။ ငါလေးက လေယာဉ်ပျံကိုတောင် မြင်ဖူးတာကို ဒီအရုပ်သေးသေးလေးကို ဘာလို့ဂရုစိုက်နေရမှာလဲ'

ယန်ချူးဂျူးက သူမရဲ့စိတ်ထဲမှာ ဟာသလုပ်နေခဲ့ပေမယ့် သူမရဲ့မျက်လုံးတွေကတော့ ကြောက်စရာကောင်းလောက်အောင်ကို ရွှန်းလဲ့တောက်ပနေခဲ့သည်။ 'ဒါပေမယ့် အဲ့ဒီလိုအရာမျိုး ငါ့အတွက်ရခဲ့ရင်လည်း ကောင်းမှာပဲ။ ဒီဟာက ခရီးထွက်ရင် အရမ်းအဆင်ပြေလိမ့်မှာ'

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now