အခန်း(၈) အိမ်ဖော်မလေး

2.2K 306 2
                                    

အခန်း(၈) အိမ်ဖော်မလေး

ဒီပိုင်မင် ယန်ချူးဂျူး၏ ရင်ဘတ်ကို ရိုက်လိုက်ပြီးတဲ့နောက် သန့်စင်တဲ့ အဖြူရောင် လက်ကိုင်ပုဝါတစ်ခုက သူ့လက်ထဲတွက် ပေါဲလာခဲ့သည်။ အမြင်အားဖြင့် မမျှော်လင့်ထားစရာပင်။ သူ ယန်ချူးဂျူးရဲ့လက်ကိုမထိလိုက်ခင် သူမရဲ့ နက်မှောင်ပြီးတော့ ပိန်ခြောက်နေတဲ့ လက်ကောက်၀တ်ကို အကြိမ်အနည်းငယ် ပြင်းပြင်းထန်ထန် ပွတ်တိုက်လိုက်သည်။ သူထိုသို့ပွတ်တိုက်နေစဉ်မှာလည်း သူကချီးပုံကြီးကို ထိနေရသလိုမျိုး အမူအရာလုပ်နေခဲ့တယ်။

အန်းဖန်နှင့် ကျန်အနက်၀တ်လူတွေရဲ့ မျက်နှာပေါဲတွင်တော့ ‌အံအားသင့်မှင်တက်နေတဲ့ပုံစံတွေ ဖြစ်နေကြသည်။ သူတို့အရှင်ရဲ့ ခေါင်းထဲမှာ မူလီအနည်းငယ်လွတ်နေပြီလား ဆိုတာကို သူတို့အခုစပြီး‌ သိချင်လာကြသည်။ လွန်ခဲ့တဲ့အချိန်အနည်းငယ်တုန်းက သူတို့ရဲ့အရှင်က အသားမည်းမိန်းကလေးရဲ့ လက်ချောင်းကို စုပ်နေခဲ့တယ်။ ဒါပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ သူမညစ်ပတ်နေတယ်ဆိုပြီးတော့ စတင်ရွံရှာလာတဲ့ပုံ ပေါဲနေပြန်တယ်။

အချိန်တစ်ခဏကြာပြီးနောက် ဒီပိုင်မင် မျက်ခုံးတွန့်လိုက်တယ်။ သူ့ကိုကြည့်ရတာ တစ်စုံတစ်ခုကို အနည်းငယ် ရှုပ်ထွေးနေတဲ့ပုံပေါဲနေသည်။

“အန်းဖန် ဒီမှာနေခဲ့ပြီးတော့ ဒီအနက်ရာင်ဟာလေးကို ကာကွယ်ပေးထား။ သူမအသက်အန္တရာယ် မရှိသရွေ့ မင်းဘာမှလုပ်စရာမလိုဘူး။”

ဒီပိုင်မင် ရိုးရိုးရှင်းရှင်းနဲ့ လက်ကိုင်ပုဝါကို ပစ်ချလိုက်ပြီးတော့ ကျန်အနက်၀တ်လူများနှင့် အတူ ချက်ခြင်းပျောက်ကွယ်သွားခဲ့တယ်။ အန်းဖန် ထိုနေရာမှာပဲ တစ်ယောက်တည်း ကြက်သေသေကာကျန်ခဲ့သည်။ “မြင့်မြတ်တဲ့အရှင် အရှင်ဘာကိုဆိုလိုတာလဲ။”

“အရှင် ကျွန်တော့ကို ဒီအသားမည်းမလေးကို ကာကွယ်ဖို့အတွက် ချင်းရွှမ်တိုက်ထဲက ဘယ်‌ရောက်နေမှန်းမသိတဲ့ နေရာမှာနေခိုင်းခဲ့တာလား။”

“အသေးအဖွဲကိစ္စလေးအတွက် ကျွန်တော့ရဲ့ ပါရမီကို ဖြုန်းတီးနေတာလို့ အရှင်မထင်မိဘူးလား။”

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now