အခန်း(၁၀) အပြင်းအထန် ဒေါသထွက်သွားခြင်း

2K 267 2
                                    

အခန်း(၁၀) အပြင်းအထန် ဒေါသထွက်သွားခြင်း

မကြာခင်မှာပဲ ချွမ်းယုက သူမဆီကို ကြိုးတစ်ချောင်းယူလာပေးခဲ့သည်။ အိမ်ဖော်မလေးက ယန်ချူးဂျူးဆီသို့ ကြိုးကို လွှဲ‌ပြောင်းပေးနေရင်းကနေ သစ်ရွက်လေးတစ်ရွက်လိုမျိုး တုန်ရီနေခဲ့သည်။ ချွမ်းယုက သူမစိတ်ထဲကနေ အသင့်ပြင်ဆင်ထားလိုက်သည်။ ‘တစ်ကယ်လို့ သခင်မလေးသာ သူမကိုယ်သူမ ဆွဲကြိုးချဖို့ကြံစည်မယ်ဆိုရင် ဘာတွေပဲဖြစ်လာပါစေ ငါ သူမကို ရအောင်တားမယ်။’

ယန်ချူးဂျူးက ကြိုးကို ယူလိုက်သည်။ ထို့နောက် သူမက ခြံ၀င်းထဲရှိ သစ်ပင်တွေထဲက တစ်ပင်ဆီသွားလိုက်ပြီးတော့ သစ်ကိုင်းသေးတွေထဲက တစ်ခုကို ချိုးချလိုက်သည်။ ပြီးသည့်အခါ သစ်ကိုင်းကို သူမနောက်ကျောမှာ ကြိုးနဲ့ချည်ထားလိုက်သည်။

“သခင်မလေး ဘာ...ဘာတွေလုပ်နေတာလဲဟင်”   ချွမ်းယုက အလွန်အမင်း စိတ်ပူနေခဲ့သည်။ ဖြစ်နိုင်တာက သူမရဲ့ သခင်မလေးကို တစ်စုံတစ်ခုက ဆိုးဆိုးရွားရွား စိတ်ဒဏ်ရာရသွား‌စေခဲ့တာကြောင့် သခင်မလေး ရူးသွားတာများလား'

“ငါ့အခန်းကို သေချာ စောင့်ကြည့်ထားလိုက်ဦးနော်။ ငါဖိုးဖိုးဆီ သွားတွေ့လိုက်အုံးမယ်။” ယန်ချူးဂျူးကပြောလိုက်သည်။ ထို့နောက် သူမက ယန်ရှောင်ရှန်းရဲ့ စာကြည့်ခန်းဆီ စပရင်ခြေလှမ်းဖြင့် ဦးတည်သွားလိုက်သည်။ [မပြေးရုံတစ်မယ်သွားတာလို့ ပြောတာပါ :3 ]

ယန်မိသားစုအိမ်တော်ထဲက အစေခံအားလုံး ယန်ချူးဂျူးရဲ့ထူးဆန်းတဲ့ပုံစံကို ကြည့်ပြီးတော့ ရှုပ်ထွေးလာကြပြီး ရှုပ်ထွေးကုန်ကြသည်။

“ကိုးယောက်မြောက် သခင်မငယ်လေးက အနက်‌ ရောင်တွေပဲ ၀တ်လေ့ရှိတာမဟုတ်ဘူးလား။ ဘာလို့ ဒီနေ့ကျမှ တပည့်‌တွေရဲ့ ၀တ်စုံဖြူကို ၀တ်လာရတာလဲ။”

“သူမရူးသွားတာများလား။ ဘာလို့ သူမရဲ့‌ နောက်ကျောမှာ သစ်ကိုင်းကိုချည်ထားတာလဲ။”

“ဒါကဒီလိုလေ ဒီနေ့က သခင်လေးကျန်းချင်ရဲ့ သေဆုံးမှု နှစ်ပတ်လည်နေ့ပဲ။ ဒါကြောင့်များ သခင်မလေးက တုန်လှုပ်မှု တစ်ချို့ရသွားတာများဖြစ်နိုင်မလား။”

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now