အခန်း(၆၂)နတ်ဆိုးသားရဲတို့၏ ပုန်ကန်ထကြွမှု

1.4K 214 3
                                    

အခန်း(၆၂)နတ်ဆိုးသားရဲတို့၏ ပုန်ကန်ထကြွမှု

တိမ်ပြိုလဲဂိုဏ်းက လူတွေက သစ်နံကိုင်းပင်ကို ခူးယူပြီးတဲ့အခါ လျင်မြန်စွာပဲ ပြန်‌လည်ဆုတ်ခွာလိုက်ကြသည်။

သူတို့ပြေးပြီးမကြာခင်မှာပဲ သနားစရာကောင်းတဲ့ ငှက်တွေရဲ့ အော်မြည်သံလှိုင်းကြီး ဟိန်းထွက်လာခဲ့သည်။ သိသာစွာပဲ နှုတ်သီးကြီး သစ်တောက်ငှက်စိမ်းတွေက အသိုက်ဆီပြန်ရောက်တဲ့အခါ သူတို့လှည့်စားခံလိုက်ရပြီမှန်း သိသွားခဲ့ကြသည်။

ခြေနှစ်ချောင်းနဲ့လူတွေက ထိုအတောင်ပံတွေကို ကျော်ပြီးမပြေးနိုင်ဘူးဆိုတာ သိသာပါသည်။ ဆယ့်ငါးမိနစ်ကြာပြီးတဲ့နောက်မှာ နှုတ်သီးကြီး သစ်တောက်ငှက်စိမ်းတွေက ကောင်းကင်‌ပေါဲကနေ တစ်ဟုတ်ထိုး သုတ်ဆင်းလာကြသည်။

ယန်ချူးဂျူး မော့ကြည့်လိုက်ပြီးတော့ အနီးနားက ချုံပုတ်ထဲကို ခုန်၀င်သွားလိုက်သည်။

ဒီဟာကကျီးကန်းများလား။ ရွှေလင်းယုန် ထက်တောင်မှ ပိုကြီးသေးတယ်။ ပိုကြီးရုံတင်မကဘူး လေဓားသွားတွေကိုလည်း ပစ်လွှတ်နိုင်သေးတယ်။ ဒိီအကောင်က လက်တွေ့ကျကျပြောရရင် ဗုန်းကျဲတဲ့ ဂျက်လေယာဉ်လိုမျိုးပဲ။

ယန်ချူးဂျူးက အရမ်းကောင်းမွန်တဲ့ နေရာမှာ ပုန်းနေခဲ့တာ‌ဖြစ်သည်။ ချုံပုတ်တွေအပြင် ထိုနေရာတွင် ကျောက်တုံးအကြီးကြီး တစ်တုံးလည်း ရှိနေသေးသည်။ ယန်ချူးဂျူးရဲ့ စိတ်ထဲမှာ လွန်ဆွဲတိုက်ပွဲတွေ ဖြစ်ပွားနေခဲ့သည်။ တစ်ဖက်မှာ သူမက ဧရာမငှက်တွေရဲ့အကူအညီနဲ့ ဒီလူတွေကို သတ်တာက ပိုကောင်းလိမ့်မယ်လို့ ခံစားနေခဲ့ရသည်။ တစ်ခြားတစ်ဖက်မှာတော့ သူမက စုမိသားစုနဲ့ တိမ်ပြိုလဲဂိုဏ်းက သူမတို့မသေမချင်း လိုက်ပြီးသတ်မှာကို စိုးရိမ်နေခဲ့သည်။

ယန်ချူးဂျူးက ဂရုတစိုက်နဲ့ အပြင်ဘက်ကို ကြည့်လိုက်၏။ တိမ်ပြိုလဲဂိုဏ်းက လူတွေက သူတို့ရဲ့ အသေသတ်တိုက်ကွက်တွေကို တစ်ယောက်ပြီးတစ်ယောက် ထုတ်လွှတ်လာခဲ့ကြ၏။ မီးဘောလုံးတွေ၊ လေဓားတွေ၊ ရေမြားတွေ ရှိသမျှအရာအားလုံးဖြင့် သူတို့က နှုတ်သီးကြီး သစ်တောက်ငှက်စိမ်းတွေကို တိုက်ခိုက်နေကြသည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now