အခန်း(၄၂) ကြိီးကျယ်သော လူလိမ်

1.7K 267 7
                                    

အခန်း(၄၂) ကြိီးကျယ်သော လူလိမ်

ယန်ချူးဂျူး ပြောတာကို နားထောင်ပြီးနောက် ဒိပိုင်မင် စိတ်ကျေနပ်သွားခဲ့သည်။ သူ့နှုတ်ခမ်းတွေက အပေါဲသို့ အနည်းငယ် တွန့်ကွေးသွားပြီးတော့ ညင်သာစွာဖြင့် အမ်းဟုပြောလိုက်သည်။

ယန်ချူးဂျူး သူ့ကို တိတ်တိတ်လေး ကျိန်ဆဲလိုက်တယ်။ 'အမ်းတဲ့လား။ ငါ့ခြေထောက်ကြီးကိုပဲ အမ်းနေလိုက်။ နင်က ကြီးကျယ်သလိုမျိုး ဟန်ဆောင်နေတာပဲ!  စကားလေး နည်းနည်းလောက် ပိုပြောလိုက်ရင် နင်သေသွားမှာ မလို့လား?! ”

'တစ်ကယ်ပါပဲ သူအမ်းလို့ပြောတာက ဘာကိုဆိုလိုတာလဲ။ သူငါ့ကို လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီလား'

ဒိပိုင်မင်က ရှေ့ကိုတစ်လှမ်း ထပ်တိုးလိုက်သည်။ ယန်ချူးဂျူး အလွန်ကြောက်လန့်သွားကာ သူမရဲ့ နှလုံးသားငယ်လေးက ခန္တာကိုယ်ထဲကနေ ခုန်ထွက်သွားတော့မလိုတောင် ခံစားနေရသည်။ 'လူချောလေး ဘာကိုလိုချင်နေတာလဲ။ သူဘာလုပ်မလို့လဲ။ သူငါ့ကို သေအောင် ရိုက်သတ်တော့မလို့များလား။ ငါလေးက ငါ့ရဲ့မာနကိုတောင် လွှတ်ချခဲ့ပြီးသွားပြီလေ။ ဒါကိုတောင် လူချောလေးက ငါနဲ့ထပ်ပြီး စိတ်ရှုပ်ခံချင်နေသေးတုန်းလား။ သူကငါ့ကို လွယ်ကူတဲ့ ပစ်မှတ်တစ်ခုလို့ ထင်နေတာလား။ ဒါမှမဟုတ် တစ်ခုခုများလား! '

ယန်ချူးဂျူးက သူမရဲ့လက်တွေကို အင်္ကျီစအောက်မှာ ဝှက်ထားရင်း တင်းကျပ်စွာ ဆုပ်ထားခဲ့သည်။ ဒိပိုင်မင် တစ်ခုခုလှုပ်ရှားလိုက်ပြီဆိုတာနဲ့ သူမက သေတဲ့အထိ ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ထားလိုက်သည် ။

ဒိပိုင်မင်က သူမကို ဖြတ်ကျော်သွားပြီးတော့ သူမနောက်ကို ဆက်လျှောက်သွားလိမ့်မယ်လို့ သူမနည်းနည်း‌လေးတောင်မှ မမျှော်လင့်ထားခဲ့မိပေ။ သူမကို ရိုက်မယ့်အစား... သူက သူမရဲ့ အိပ်ရာဆီကို တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့သည်။

“အနက်လေး ငါ့ကိုခေါင်းအုံးတစ်ခုယူပေး” ဒိပိုင်မင်က သူ့ရဲ့ကုတ်အင်္ကျီနဲ့ ဖိနပ်တွေကို ချွတ်လိုက်ကာ အိပ်ရာပေါဲမှာ လဲလျောင်းလိုက်သည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now