အခန်း(၆) ဆွဲဆောင်မှုရှိတဲ့ မင်းသားလေး၊ ကျွန်မရှင့်ကိုချစ်တယ်။

2.3K 337 5
                                    

အခန်း(၆) ဆွဲဆောင်မှုရှိတဲ့ မင်းသားလေး၊ ကျွန်မရှင့်ကိုချစ်တယ်။

ယန်ချူးဂျူးပြောရင်းနဲ့ သူမဖြေးညှင်းစွာ သူမရဲ့အ၀တ်တွေကို စတင်ချွတ်လိုက်သည်။ သူမရဲ့ခေါင်းကိုတော့ နှိမ့်ထားကာ ကောက်ကျစ်တဲ့ အလင်းတစ်ခုက သူမ၏ မျက်လုံးထဲတွင် တစ်ခဏ လင်းလက်သွားခဲ့သည်။ ဒါပေါ့ သူမ သရဲတွေနဲ့ ဇွန်ဘီတွေလိုမျိူး အဓိပ္ပာယ်မရှိတာတွေကို အယုံအကြည်မရှိဘူး။ သူမခိုးနေတဲ့အချိန်တုန်းက ဒီလူမသေသေးဘူးဆိုတာကို သူမအခုတော့ သေချာသွားပြီ။ အား ဘာလို့ သူမ အရမ်းဂရုမစိုက်မိခဲ့ရတာလဲ။ သူမ သူ့ကိုပိုပြီးတော့ သေချာအောင် စစ်ဆေးခဲ့သင့်တာ။

အခုတော့ သူမဘာလုပ်ရပါတော့မလဲ။ ‌လူချောလေးက မယုံနိုင်စရာကောင်းလောက်အောင် စွမ်းအားကြီးတယ် ပြီးတော့ သူမ သူ့ကိုတိုက်ခိုက်ရင်လည်း မနိုင်နိုင်ပေ။ ဒါ့ကြောင့် သူမရဲ့ပြဿနာကိုဖြေရှင်းရန် သူမလက်ထဲရှိ နည်းလမ်းအားလုံးကို သုံးဖို့ကလွဲပြီး‌တော့ သူမမှာ အခြားရွေးချယ်စရာ မရှိ‌တော့ပေ။

ဒီပိုင်မင် မျက်ခုံးတွန့်လိုက်တယ်။ သူ့ရဲ့မူလအကြံက သူမကို ချက်ချင်း ရိုက်သတ်ဖို့ပင်။

သူ ယန်ချူးဂျူးကို လေအိုးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ သူ့ရဲ့ မြင့်မားတဲ့ အဆင့်အတန်းနဲ့ စွမ်းအားကြောင့် ဘယ်သူကမှ သူ့မျက်နှာကိုကြည့်ပြီးတော့ စကားအများကြီးမပြောရဲခဲ့ပေ။ ယန်ချူးဂျူးရဲ့ မျက်နှာက အလွန်အမင်းတက်ကြွနေတာတဲ့အချက်ကိုပါ ပေါင်းထည့်လိုက်ရင် ဒီပိုင်မင်တွေဝေမိသွားသည်။ ထို့ကြောင့် သူမကို သူမသတ်ရသေးပေ။

ထိုအချိန်မှာ ယန်ချူးဂျူးက သူမ၀တ်ထားတဲ့ ညစ်ပတ်နေတဲ့၀တ်ရုံကို ချွတ်ပြီးသွားပြီဖြစ်တယ်။ သူမ ထို့နောက်မှာတော့ ဒီဘိုင်းမင်ရဲ့ အ၀တ်တွေကို ဖြည်းညင်းစွာချွတ်ရုံကလွဲလို့ အခြားရွေးချယ်စရာမရှိတော့ပေ။ ဘာပဲဖြစ်ဖြစ် သူမ စွပ်ကျယ်တစ်ထည် ၀တ်ထားသေးတာပဲ။ ဒါကြောင့်မို့လို့ သူမရဲ့ရင်သားတွေပေါဲသွားမှာကို သူမစိုးရိမ်နေစရာမလိုပေ။

ယန်ချူးဂျူး စကားပြောတာ ရပ်သွားတာကို ဒီပိုင်မင်‌သတိပြုမိတဲ့အခါ သူ့လက်ကို မြှောက်လိုက်ပြီးတော့ ယန်ချူးဂျူးကို သတ်ဖို့ပြင်လိုက်သည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now