အခန်း(၂၈) ပိုင်မိသားစုရဲ့ ယန်အိမ်တော်သို့ ရောက်ချလာမှု

1.6K 261 1
                                    

အခန်း(၂၈) ပိုင်မိသားစုရဲ့ ယန်အိမ်တော်သို့ ရောက်ချလာမှု 

ယန်ချူးချီ နှုတ်ခမ်းစူလိုက်တယ်။ “စတုတ္ထအကြီးအကဲ ဒီယန်ချူးဂျူးက မကျင့်ကြံနိုင်တဲ့အမှိုက်ပဲ။ သူမမှာ ဘာမေးစရာများ ရှိလိမ့်မှာလဲ”

စတုတ္ထအကြီးအကဲက အေးစက်စက် နှာမှုတ်လိုက်သည်။ သူမပြောတာကို သူသဘောမကျဘူးဆိုတာ ထင်ရှားနေခဲ့သည်။ ယန်ချူးချီက ရှက်ရွံ့စွာနဲ့ ပါးစပ်ပိတ်လိုက်ပြီးတော့ ထိုအစား သူမရဲ့ဒေါသကို ယန်ချူးဂျူးဆီဦးတည်ဖို့ ဆုံးဖြတ်လိုက်ပြီး ယန်ချူးဂျူးကို စိုက်ကြည့်နေလိုက်သည်။

ယန်ချူဂျူးက ပုခုံးတွန့်လိုက်တယ်။ 'နင်က ငါ့ကိုအပစ်လာတင်နေတာလား။ ကိုယ့်ပါးစပ်ကို ကိုယ်မထိန်းတာက နင့်အပစ်ပဲလေ။ နင်သိလား'

“သမီးမှာမေးစရာမရှိဘူးဆိုမှတော့ ကောင်းကောင်း ဆက်ကျင့်ကြံ...အဲ အနားယူနေပါ။” စတုတ္ထအကြီးအကဲက သူမကို ကောင်းကောင်းလေ့ကျင့်နေပါလို့ ပြောချင်ခဲ့ပေမယ့် ယန်ချူးဂျူးက မကျင့်ကြံနိုင်ဘူးဆိုတာကို သူမှတ်မိသွားတဲ့အခါ “ကျင့်ကြံပါ” အစား “အနားယူပါ” လို့ပြောဖို့ သူ့ကိုယ်သူတွန်းအားပေးလိုက်ရသည်။

ယန်ချူးဂျူးက သူမရဲ့သေးငယ်တဲ့ အနက်ရောင်လက်လေးတစ်ဖက်ကို မြှောက်လိုက်သည်။ “စတုတ္ထအကြီးအကဲ သမီးမှာမေးခွန်းတစ်ခုရှိပါတယ်။ ဒြပ်စင်ငါးခုဖြစ်တဲ့ ရွှေ၊ သစ်သား၊ မီး၊ ရေနဲ့ မြေကြီးတို့အပြင်ကို အခြားဒြပ်စင်တွေရှိသေးလား”

“မရှိဘူး” စတုတ္ထအကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။ 'ဒါက အရမ်းလွယ်တဲ့ မေးခွန်းပဲ။ ယန်ချူးဂျူးက ဒီအဖြေကို မသိဘူးလား။ သူမက တစ်ကယ့်ကို ဗဟုသုတကင်းမဲ့ပြီးတော့ အရည်အချင်းမရှိတာပဲ။’

အထင်တသေးနဲ့ ကျိတ်ရယ်နေတဲ့ အသံနှစ်ခုက သူမရဲ့ဘေးနားမှ ထွက်ပေါဲလာခဲ့သည်။ တစ်သံက ယန်ချူးချီဆီမှဖြစ်ကာ နောက်အသံတစ်ခုကတော့ သိသာစွာနဲ့ ယန်ချူးရှီဆိုတဲ့ မှင်စာလေးဆီကပင်။
(စာဖတ်သူတို့ မှားမှာစိုးလို့။ ယန်ချူးချီက မိန်းကလေးပါ။ ယန်ချူးရှီက ယောက်ျားလေးပါယန်ချူးဂျူးပုန်းနေတာကို ဖော်ကောင်လုပ်တဲ့ ကောင်ကလေးလေ မှတ်မိတယ်ဟုတ်)

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now