အခန်း(၈၃+၈၄)

1.3K 215 12
                                    

အခန်း(၈၃) ကောင်ချောလေးက ကြက်ကင်အဖြစ် ပြောင်းသွားပြီ

အချိန်အတော်ကြာတဲ့အထိ ယန်ချူးဂျူးပြန်အကြောင်းမပြန်တာကို တွေ့တဲ့အခါ ဒိပိုင်မင်ရဲ့ မျက်နှာက မည်းမှောင်လာတော့သည်။ “ငါ့မေးခွန်းကို မကြားဘူးလား။ မဟုတ်မှလွဲရော မင်းငါ့ကိုလက်ဖက်ရည်ကြက်ဥပေးလိုက်တာက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေလို့များလား”

ယန်ချူးဂျူး အကြောင်းပြချက် ကောင်းကောင်းတစ်ခုကို မရှာနိုင်တော့ဘဲ ခြောက်ကပ်စွာ ရယ်လိုက်သည်။

“ပြော လက်ဖက်ရည်ကြက်ဥက ဘာကိုဆိုလိုတာလဲ” လွန်ခဲ့တဲ့ရက်အနည်းငယ် အတောအတွင်း သူစားခဲ့တဲ့ လက်ဖက်ရည်ကြက်ဥတွေအကြောင်းကို တွေးမိတဲ့အခါ သူမတတ်နိုင်ဘဲနဲ့ ရှက်ရွံ့ဒေါသထွက်လာရသည်။ သူ့မျက်နှာက ကြောက်စရာကောင်း‌လောက်အောင်ကို မည်းမှောင်လာတော့သည်။

ယန်ချူးဂျူးတစ်ယောက် ငိုချမိတော့မည်ပင်။ အဲ့ဒီတုန်းက သူမအချိန်ကောင်းလေးတစ်ခု ပိုင်ဆိုင်ချင်ခဲ့ရုံပါ။ ဒီအပျော်လင်လေးက မှတ်ဉာဏ်အရမ်းကောင်းနေလိမ့်မယ်လို့ ဘယ်သူကများ တွေးမိမှာလဲ။

လက်ဖက်ရည်ကြက်ဥ လက်ဖက်ရည်ကြက်ဥ လက်ဖက်ရည်ကြက်ဥတွေကို ဥကနေလုပ်တယ်။ ဥတွေကို ကြက်တွေက ၀ပ်တယ်။ နေဦး ငါသိပြီ။

ယန်ချူးဂျူးရဲ့ မျက်နှာသေးသေးလေးက အနီရောင်ပြောင်းလဲသွားခဲ့သည်။ သူမက သူမအင်္ကျီရဲ့ အစွန်းစလေးတွေကို ဆုပ်ကိုင်လိုက်ကာ ရှက်ရွံ့စွာ ပြောလိုက်လေသည်။ “မင်းသားလေး...တစ်ကယ်တော့...ကျွန်မအဲ့ဒါကို ပြောရမှာရှက်နေလို့ပါ”

ဒိပိုင်မင် မျက်ခုံးပင့်လိုက်သည်။ “ပြော”

“ကြက်ဥတစ်လုံးဆိုတာက ကြက်ဖနဲ့ ကြက်မရဲ့ကြားက အချစ်ရဲ့ အသွင်ဖြစ်တည်လာမှုတစ်ခုလေ။ ကျွန်မ...မင်းသားလေး ရှင်သိပါတယ်”ယန်ချူးဂျူး ခေါင်းငုံ့လိုက်ကာ သူမခန္တာကိုယ်အသေးလေးက တုန်ရီနေခဲ့သည်။

ဒိပိုင်မင်တစ်ခဏတာ ကြောင်အသွားခဲ့ကာ သူ့မျက်နှာက နီရဲသွားတော့သည်။ သူချောင်းခြောက်ဆိုးလိုက်သည်။ “မင်းကငယ်သေးပြီး ဘယ်လိုသင်ယူရမလဲဆိုတာ တစ်ကယ်မသိသေးဘူးဘဲ။ အပြင်ထွက်တော့”

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now