❄Part (1)❄နတ်အရာရှိဖြစ်ရန်စစ်ဆေးခြင်း

3.6K 248 1
                                    

Unicode
Until death

                  ❄1❄
            [နတ်အရာရှိဖြစ်ရန်စစ်ဆေးခြင်း]

        လွန်စွာ တတ်ကြွသော ခြေလှမ်းတွေသည် အင်မတန် ရှည်လျားသော အထစ်၄၀၀၀ရှိ လှေခါးထစ်များပေါ်ကို ပြေးတက်လာသည်။ အနက်ရောင် ဝတ်ရုံနဲ့ လူငယ်တစ်ယောက်။ သူက အေးအေးဆေးဆေး တက်နေသော ယောကျ်ားပျို မိန်းမပျိုများကို ကျော်တက်ကာ ပြေးနေ၏။

        လှေခါးထစ်၄၀၀၀ရဲ့ ထိပ်ဆုံးကိုရောက်အောင် တစ်ယောက်တည်း အပြေးပြိုင်နေသလိုပဲ အားလုံးထဲမှာ သူတစ်ယောက်တည်းသာ တတ်တတ်ကြွကြွနဲ့ ပြေးနေလေသည်။ လှေခါးထစ်၄၀၀၀ ပေါ်တွင် နတ်အရာရှိအဆင့်ကို ဖြေဆိုမည့်သူများ ထောင်နဲ့ချီရှိ၏။

       ဝတ်စုံတွေကို မိမိကြိုက်နှစ်သက်ရာ အရောင်စုံလင်စွာ ဝတ်ဆင်လာပြီး နတ်ဘုရားတွေ သူတို့ကို နှစ်သက်သဘောကျကာ တပည့်အဖြစ် ရွေးချယ်အောင်လို့ သေသေချာချာ ပြင်ဆင်လာကြလေသည်။

       လှေခါးထစ်တွေပေါ်ကနေ ပြေးတက်လာတဲ့ လူငယ်ကို တခြားသော နတ်အရာရှိလောင်းများ မြင်တဲ့အခါ တစ်ချို့က ကြောက်လန့်ကာ ဘေးကို ရှောင်ကြသည်။ တစ်ချို့ကတော့ ရွံမုန်းသော အကြည့်တွေနဲ့ ဝေးဝေးကနေကြ၏။

        ပြေးတက်လာတဲ့ လူငယ်လေးကို ဘယ်သူကမှ စကားခေါ်ပြောဖို့ ဆန္ဒမရှိကြပေ။ ချီးစီကတော့ ဂရုမစိုက်ပါ။ သူအသက်ရှင်လာတဲ့ သက်တမ်းတစ်လျှောက်လုံး သူ့ကို စိတ်ရင်းနဲ့ ဖော်ရွေတဲ့သူမရှိဘူးလေ။ အားလုံးက သူ့ကိုနတ်ဆိုးသွေးနှောဆိုပြီး အထင်သေးကြသည်။

        အဲ့ဒါကြောင့် သူကလည်း အများအမြင်မှာ လူဆိုတာထက် နတ်ဆိုးတစ်ကောင် ဖြစ်လာခဲ့သည်။ လှေခါးတစ်၂၀၀၀ တိတိကို ဖြတ်ကျော်လာပြီးသောအခါ ချီးစီက ရုတ်တရက် ရပ်လိုက်သည်။

"ဟူး........"

        ပြင်းပြင်းထန်ထန် သက်ပျင်းချပြီးနောက် အသက်ဝဝ ရှူလိုက်သည်။

("ကောင်းကင်မြို့တော်.....")

        စိတ်ထဲမှ အံကြိတ်ကာ ရေရွတ်မိ၏။

("ငါပြန်လာပြီ....မင်းတို့ တစ်ယောက်ချင်းစီကို ငါသတ်ပစ်မယ်")

Until Death (OC) Complete Where stories live. Discover now