❄Part (29)❄ချစ်သူအကြောင်းပြောပြခြင်း

1K 118 0
                                    

Until death

                        ❄29❄
            [ချစ်သူအကြောင်းပြောပြခြင်း]

        ချီးစီ ပြုံးစိစိနဲ့ အနားတိုးကပ်သွားပြီး ရွှမ်းယင်ခန္ဓာကိုယ်လေးကို အနောက်မှ သိုင်းဖက်ထားလိုက်သည်။ အသားချင်း ထိတွေ့မိတဲ့အခါ ရွှမ်းယင် လည်ပင်းနဲ့ နားရွက်တွေအထိပါ ရဲလာ၏။

"ရှစ်ဇွင်းကို ကြည့်ရတာ ပူနေသလိုပဲ...."

         ရွှမ်းယင် လက်သီးဆုပ်လိုက်သည်။ သူရှက်နေတာကြောင့် ပူနေတာကို သိရက်နဲ့ စနောက်နေတဲ့ ချီးစီကို ဘယ်လိုတုံ့ပြန်ရမလဲပင် မသိတော့ပေ။ ချီးစီက လက်တစ်ဖက်ကို ခါးမှာထားလျက် ကျန်တစ်ဖက်ကိုတော့ဖြင့် ရွှမ်းယင်ရဲ့ဆန့်ကျင့်ဘက် လက်မောင်းကို ဖက်ထားလေသည်။

"ရှစ်ဇွင်း..... ကျွန်တော် ကြာစွယ်စွပ်ပြုတ် နဲ့ တခြား အသီးအရွက် စွပ်ပြုတ်နည်းနည်း ဝယ်လာခဲ့တယ် ရှစ်ဇွင်း ဗိုက်ဆာနေပြီလား?"

"မဆာသေးဘူး"

"ဒါဆိုလည်း ကောင်းပြီလေ... ကျွန်တော်တို့ ခဏနေမှစားကြတာပေါ့ ကျွန်တော် ရှစ်ဇွင်းကို ခေါင်းစည်းပေးမယ်"

        ရွှမ်းယင် သဘောတူတာမတူတာ သူဂရုမစိုက်ပါ။ ရွှမ်းယင်ကို ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်စေပြီးတော့ ခေါင်းစည်းပေးနေပြီ။ ရွှမ်းယင်ဘက်ကလည်း အစကတည်းက ငြင်းဆန်ဖို့ ဆန္ဒမရှိတာကြောင့် သူ့ဆံပင်ကို စည်းခွင့်ပေးထားသည်။

        ချီးစီက ဆံပင်တစ်ဝက်ကို စည်းနှောင်ပေးထားပြီး တစ်ဝက်ကို ဖြာချပေးထား၏။ ဆံပင်စည်းပြီးတဲ့အခါ ရွှမ်းယင် အကောင်ငယ်လေးတွေကို အစာကျွေးဖို့အတွက် အိပ်ဆောင်ဘက်ကို ပြန်လာခဲ့သည်။

"ရှစ်ဇွင်း.... ကျွန်တော်လည်း သူတို့ကို အစာကျွေးချင်တယ်"

"ကောင်းပြီ"

         ရွှမ်းယင် အဆင့်နိမ့် သားရဲလေးတွေကို ကျွေးနေကျ အစာတွေက ဝိညာဥ်စွမ်းအင်ပါတဲ့ အသီးအရွက်နဲ့ သစ်စေ့လေးတွေဖြစ်သည်။ အားလုံးက ကျင်းစွေတောင်မှာရှိတဲ့ အရာတွေချည်းသာဖြစ်၏။ သားရဲလေးတွေသည် တောင်ခြေက ဥယျာဥ်ကို ကိုယ်တိုင်သွားခွင့် မရှိတာကြောင့် ကျင်းစွေတောင်မှာ သူတို့အစာရှာစားလို့ မဝရင် ရွှမ်းယင်ဆီ ရောက်လာတတ်ကြတာ ဖြစ်သည်။

Until Death (OC) Complete Where stories live. Discover now