❄Part (72)❄ချစ်စိတ်နိုးကြွလာခြင်း

904 97 0
                                    

Until death

❄ 72❄
[ချစ်စိတ်နိုးကြွလာခြင်း]

စုန့်ရှူန်း ပြောရခက်သွားသည့်နှယ် ပျာယာခတ်သွားသည်။ သူက ရွှမ်းယင်သူ့ကို မုန်းတီးသွားမှာ အထင်လွဲသွားမှာကို အကြောက်ဆုံး ဖြစ်၏။ တစ်ဖက်ကလည်း သူယွီချီးစီကို ဒေါသထွက်နေသည်။ ယွီချီးစီက သူ့နောက်မှမွေးဖွားလာကာ သူ့နောက်မှ ရွှမ်းယင်နဲ့ သိကျွမ်းခဲ့သူ ဖြစ်သည်။

သို့သော် သူ့ထက်အရင် ရွှမ်းယင်ရဲ့နှလုံးသားနဲ့ ရွှမ်းယင်ကို ပိုင်ဆိုင်သွားခဲ့သည်။ ယွီချီးစီကတော့ သူ့အတွက် မဟာရန်သူပဲ။ ယွီချီးစီကို ရှင်းပြဖို့အတွက် သူစိတ်မဝင်စားဘူး။ ဒါကြောင့်သူက ရွှမ်းယင်ကိုပဲ ကြည့်လိုက်သည်။

"ရွှမ်းယင်.... ငါပြောတာ နားထောင်ပါ ငါဒီကိုရောက်နေတာက နတ်ဘုရားချုပ်က ဒီအနီးနားတစ်ဝိုက်နဲ့ ဒီမြို့မှာ မိုးခေါင်နေတဲ့အကြောင်း စစ်ဆေးခိုင်းလိုက်လို့ပါ.... ငါကျင်းစွေတောင်ကို လိုဏ်ခေါင်းတူးနေတာ မဟုတ်ဘူး တကယ်လို့ ငါလုပ်ချင်တယ်ဆိုရင် မင်းမရှိတဲ့ နှစ်၁၀၀အတွင်းမှာ လုပ်လိုက်လို့ ရတာပဲ မဟုတ်လား"

ရွှမ်းယင် သေချာ စဥ်းစားကြည့်လိုက်တော့လည်း စုန့်ရှုန်းပြောတာက ကျိုးကြောင်းသင့်လျော်သည်။ သူမရှိတာက နှစ်၁၀၀ကြီးတောင်လေ။ စုန်ရှုန်းသာ ကျင်းစွေတောင်ထဲကို ဖောက်ဝင်ချင်တယ် ဆိုရင် ဟိုးအရင်နှစ်တွေမှာ လှုပ်ရှားပြီးလောက်ပြီ။

"ငါမင်းပြောတာကို နားလည်...."

"ဒါဆိုဘယ်သူဖြစ်နိုင်လဲ?"

ယွီချီးစီ လက်ပိုက်ဖြုတ်ကာ ဝင်မေးလိုက်သည်။ ရွှမ်းယင် ချီးစီအား ကြည့်လိုက်၏။ ချီးစီတစ်ယောက် စုန့်ရှုန်းကို မကြည်ဘူးဆိုတာ သိတာကြောင့် စုန့်ရှုန်းဘက်က ကျင်းစွေတောင်ကို ဖောက်ထွင်းသူ မဟုတ်မှန်း ငြင်းဆန်နေတာကို မယုံချေ။

ရွှမ်းယင်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။

စုန့်ရှုန်း - "မင်းက ဘာသဘောလဲ?"

ယွီချီးစီ နှု​တ်ဟမည်အပြုတွင် ရွှမ်းယင်က သူ့လက်တစ်ဖက်ကို ဆွဲထားလေ၏။ စုန့်ရှုန်းကအခုထိ ရွှမ်းယင်ရဲ့ သူငယ်ချင်း ဖြစ်နေသေးတာကို သူသတိရသွားသည်။ ထိုအချိန်တွင် စည်းဝိုင်းထဲတွင်ရှိသော လူတချို့ ပြေးထွက်ဖို့အတွက် ကြိုးစားကြသည်။

Until Death (OC) Complete Where stories live. Discover now