❄Part (12)❄လက်တုံ့ပြန်ခြင်း

1K 134 0
                                    

Until death

                     ❄12❄
           [လက်တုံ့ပြန်ခြင်း]

       ကျွင်းမုန့် ခေါင်းမော့၍ ​သေရည်တစ်ငုံ့ ထပ်မော့လိုက်သည်။ လရောင်က အေးမြသည်။ သို့ပေမယ့် လ​ရောင်ရဲ့လှပမှုကတော့ သူ့စိတ်ထဲမှာ နှစ်ပေါင်းများစွာ နေရာယူလာခဲ့တဲ့ တစ်စုံတစ်ယောက်ကိုတော့ မမှီနိုင်။

'ဝုန်း.....'

        ကောင်းကင်ကနေ တစ်စုံတစ်ခုဟာ အရှိန်ပြင်းပြင်း သက်ဆင်းလာတာကြောင့် ကျွင်းမုန့် အသံလာရာဘက်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ အလောင်းနှစ်လောင်း။ ခြေပြတ်လက်ပြတ် ခေါင်းပြတ်ထားသလို ဝိညာဥ်တွေပင် ပြိုကွဲနေပြီ။

        အဲ့တာသူ့ရဲ့ တပည့်ကြီးနှစ်​ယောက်ပင်။ ကျွင်းမုန့် လန့်ဖြတ်သွားကာ ဇတ်ခနဲ ထရပ်၍ အနားကို ပြေးကြည့်လိုက်တဲ့ အခါမှာတော့ အမှန်တကယ် သူ့တပည့် နှစ်ယောက် ဖြစ်နေလေသည်။

"ဘယ်သူလဲ!!!!"

        ကျွင်းမုန့်ရဲ့ ဒေါသတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ နန်းဆောင်ခြံဝန်းထဲက အဆင့်နိမ့် ငှက်ကလေးတွေ ကြောက်လန့်စွာ ထွက်ပြေးကုန်ကြပြီး အစေခံတွေလည်း ထိတ်ထိတ်လန့်လန့်ဖြင့် ရောက်တဲ့​နေရာမှာ ဒူးထောက်ဝပ်တွားကုန်သည်။

         ကျွင်းမုန့်ရဲ့ လေးယောက်မြောက်နဲ့ ငါးယောက်မြောက် တပည့်နှစ်ယောက်က ဆရာဖြစ်သူရဲ့ အော်သံကို ကြားကြားချင်း လေဟုန်စီး၍ ပြေးလာကြရာ လက်သီးကို တင်းတင်းဆုပ်လျက် ဒေါသထွက်နေသော သူတို့ရဲ့ဆရာကို တွေ့လိုက်ရသည်။

"ရှစ်ဇွင်း....ဒါ....."

"တာ့ရှစ်ရှုန်း..... အာ့ရှစ်ရှုန်း......"

         တပည့်၅ကတော့ ဒူးထောက်လျက် ခြေလက်အပိုင်းအစများကို ကြည့်၍ စတင်အော်ဟစ်တော့သည်။ အနောက်ဖက်မှ အရိပ်တစ်ရိပ်ကြောင့် ကျွင်းမုန့် အသင့်အနေအထားနဲ့ ချက်ချင်း လှည့်ကြည့်လိုက်သည်။

        သူတစ်ခဏအတွင်း အံ့သြသွား၏။ ဒီလိုအသွင်နဲ့ လူတစ်ယောက်ကို မတွေ့ရတာ နှစ်ပေါင်းဘယ်လောက်တောင် ကြာသွားပြီလဲ။ အစိမ်းရောင်မျက်လုံးနဲ့ နားရွက်ချွန်တွေ ပိုင်ဆိုင်ထားတဲ့သူ။ နတ်ဆိုးမျိုးနွယ်ရဲ့ တော်ဝင်သွေးသား။

Until Death (OC) Complete Where stories live. Discover now