❄Part (61)❄ကလေးဝိညာဥ်ကတောင်းဆိုခြင်း

962 122 0
                                    

Until death

❄61❄
[ကလေးဝိညာဥ်ကတောင်းဆိုခြင်း]

အနက်ရောင် အငွေ့တန်းကြီးတစ်ခုသည် ပြတင်းပေါက်ကို တွန်းဖွင့်ဖို့အတွက် အရှိန်ယူလိုက်ကာ အားကုန်ဝင်တိုက်လိုက်လေ၏။

'ဝုန်း.....'

အစိမ်းရောင် စက်ကွင်းတစ်ခုက ကြားခံနေလေရာ အငွေ့မည်းမှာ ကျောက်ဆောင်ကို ဝင်တိုက်လိုက်ရသလိုပဲ မူးဝေသွားသည်။ သူ့ရဲ့ခေါင်း ကွဲထွက်သွားပြီလားလို့တောင် ထင်ရ၏။ အငွေ့မည်းတစ်ခု ဤသို့ တုံ့ပြန်ခံလိုက်ရတာကို တွေ့သောအခါ ကျန်သော အငွေ့မည်းများ ရပ်တန့်ကုန်၏။

ရွှမ်းယင် သူ့ခေါင်းပေါ်မှ ရယ်သံ ခပ်တိုးတိုးကို ကြားလိုက်ရသည်။ ရွှမ်းယင် ခေါင်းမော့ကြည့်လိုက်၍။

"ဘာရီနေတာလဲ?"

"အဟက်.... အဲကောင်ကို ကိုယ်သေတွင်းကို အားရပါးရ တူးနေတာတွေ့တော့ ရယ်ချင်သွားလို့ပါ..... အကာအကွယ်စည်းက ရွှမ်းလေးနဲ့ ကျွန်တော် နှစ်ယောက်လုံး လုပ်ထားတာဆိုတော့ သူတို့ဘယ်လိုဖျက်စီးမလဲ သိချင်မိတယ်"

ရွှမ်းယင်ကလည်း ရယ်လိုက်သည်။ သူ့ရဲ့အရင် စရိုက်အတိုင်းသာဆိုရင် ရယ်မယ့်အစား တစ်ဖက်အရာတွေကို စာနာသနားစွာနဲ့ ကြည့်နေမိမှာ အမှန်ပင်။ ယခုသူ့ရဲ့စရိုက်က ယခင်လို မဟုတ်တော့တာကြောင့် ရန်သူကို သနားတဲ့စိတ် သူ့မှာမရှိတော့ပေ။

ရွှမ်းယင် လက်လှမ်း၍ ချီးစီရဲ့ခါးကို ဖက်လိုက်ကာ ရင်ခွင်ထက်မှာ ခေါင်းအပ်လိုက်လေသည်။

"ငါတဖြည်းဖြည်းနဲ့ မင်းနဲ့တူလာသလိုပဲ"

"ဟုတ်လား.... ဒါဆိုရင် ကျွန်တော်တို့ရဲ့ ကလေးလေးကလည်း ကျွန်တော်နဲ့ တူမှာပဲပေါ့နော် ဟုတ်တယ်မလား?"

"အရူး...... ငါတို့က ကလေးဘယ်လိုယူမှာလဲ? တခြားမိန်းမတစ်ယောက်ရဲ့ မင်းနဲ့ ကိုယ်ဝန်ဆောင်ခိုင်းပြီးတော့လား? ဒါမှမဟုတ် ငါလုပ်ရမှာလား?"

"အား........."

သူ့ရဲ့စကားအဆုံးမှာ အော်သံနက်ကြီး တစ်သံသည် အပြင်ဘက်မှ ထွက်ပေါ်လာခဲ့၏။ အစိမ်းရောင် အငွေ့တွေက ရှိရှိသမျှသော အငွေ့မည်းများကို ရစ်ပတ်ကာ ဝါးမြိုပစ်နေလေသည်။ ရွှမ်းယင် အံ့သြစွာနဲ့ ချီးစီကို လှည့်ကြည့်လိုက်တဲ့အခါ ချီးစီ သူ့အနားမှာ မရှိတော့ပေ။

Until Death (OC) Complete Where stories live. Discover now