❄Part (83)❄လူရမ်းကားတစ်သိုက်ရဲ့ဇာတ်သိမ်း

832 100 1
                                    

Until death

❄83❄
[လူရမ်းကားတစ်သိုက်ရဲ့ဇာတ်သိမ်း]

နောက်တစ်နေ့ မနက်ခင်းကို ရောက်တဲ့အခါ ရွှမ်းယင်အိပ်မက်မှ လန့်နိုးလာခဲ့သည်။ အိပ်မက်ကြောင့် သူဇဝေဇဝါဖြစ်နေခဲ့ရာ မျက်လုံးဖွင့်ပြီး တည်းခိုခန်းရဲ့ မျက်နှာကျက်ကို တွေ့တော့မှ အိပ်မက်ဆိုတာကို သိခဲ့ရသည်။

အိပ်မက်ထဲမှာ ရွှမ်းရွှမ်းက လင်မယားနှစ်ယောက်နဲ့အတူ ခြံဝန်းတစ်ခုထဲတွင် ရှိနေသည်။ ယောကျ်ားနဲ့မိန်းမရဲ့ ပုံပန်းသဏ္ဌာန်မှာ နတ်ဘုရားတွေလိုပင် အရောင်အဝါရှိပြီး အိပ်မက်ထဲမှာ သူတို့နှစ်ယောက်သည် တစ်စုံတစ်ခုကို တီးတိုး တိုင်ပင်နေကြ၏။

အိပ်မက်ထဲကို ရောက်ရောက်ချင်းပဲ ဒါကရွှမ်းရွှမ်းရဲ့ အတိတ်ကို ပြသနေတယ် ဆိုတာကို ရွှမ်းယင် သိလိုက်သည်။ ဒါကြောင့် သူအင်မတန် စိတ်ဝင်တစားနဲ့ ကြည့်ခဲ့သည်။

အိပ်မက်ထဲက ရွှမ်းရွှမ်းသည် အနက်ရောင် ဆံပင်တိုတိုနဲ့ အနီရောင် ဂါဝန်လေးကိုဝတ်ထားကာ ခြံဝန်းထဲတွင် ပျော်ပျော်ပါးပါး ပြေးလွှားနေ၏။ နန်းဆောင်ထဲတွင်ရှိသော လင်မယားနှစ်ယောက်မှာတော့ တစ်​ယောက်ကို တစ်ယောက် စိုက်ကြည့်ကာ စကားပြောနေကြရင်း အပြင်ဘက်က ကလေးကိုလည်း လှမ်းလှမ်းကြည့်သေးသည်။

"အဲဒါက တကယ်အဆင်ပြေမှာလား?"

အမျိုးသမီးက ကလေးကို လှမ်းအကဲခတ်လိုက်ပြီး မေး၏။ အမျိုးသားက လေးပင်စွာ သက်ပြင်းချလိုက်သည်။

"ပြေမှာပါ..... ဘာပဲဖြစ်ဖြစ် ကလေးရဲ့သွေးက သန့်စင်တယ်လေ"

ထိုအချိန်တွင် ပြေးလွှားနေတဲ့ ရွှမ်းရွှမ်းက မှောက်ရက်ပစ်လဲကျသွားပြီး ထငိုလေ၏။ အဲဒီအချိန်မှာပဲ ရွှမ်းယင်လည်း အိပ်မက်ကနေ လန့်နိုးသွားခဲ့သည်။

"ဖေဖေ...... ဖေဖေ......"

မျက်နှာကျက်ကိုသာ တွေတွေကြီး ငေးကြည့်နေတာကြောင့် အိပ်ယာကနိုးလာတဲ့ ရွှမ်းရွှမ်းက သူ့လက်မောင်းကို လာကိုင်လှုပ်နှိုးတော့သည်။ ရွှမ်းရွှမ်း ဗိုက်မှောက်ထားလျက် သူ့ဖေဖေကို မျက်လုံးပြူးကြည့်နေ၏။

Until Death (OC) Complete Where stories live. Discover now