❄Part (51)❄မင်းလက်ရာကအကောင်းဆုံး

1K 134 0
                                    

Until death

                       ❄51❄
            [မင်းရဲ့လက်ရာကအကောင်းဆုံး]

"ကိုယ့်ကို ရှာနေတာလားလို့?"

        မော့လန်သည် အရှင်ဧကရာဇ်က သူမတို့အား အပြစ်ဆိုနေသံ မဟုတ်ဘဲ ကြင်ကြင်နာနာ နွေးနွေးထွေးထွေး လေသံနဲ့ ပြောလာတာကို တွေ့ရသောအခါမှ စိတ်အေးလက်အေး ဖြစ်သွားတော့သည်။ သူမက ရွှမ်းယင် ဘယ်လိုဖြေမလဲ သိချင်မိ၏။

        သူမတစ်ယောက်တည်းကသာ ရွှမ်းယင် တစ်စုံတစ်ယောက်ကို ရှာနေတယ် ဆိုတာကို သိတာဖြစ်ပြီး ထိုသူကလည်း အရှင်ဧကရာဇ် မဖြစ်နိုင်ကြောင်း ထင်ထားခဲ့ကြတာ ဖြစ်သည်။

        သူမေးနေပေမယ့် ရွှမ်းယင်ဘက်က ပြန်မတုံ့ပြန်တာကို တွေ့သောအခါ ရွှမ်းယင် စကားမပြောနိုင်ဘူး ဆိုတာကို သူသတိရသွား၏။ သူက ထပ်ပြုံးပြလာပြီး။

"ကိုယ်မေ့သွားတာပါ.... ကိုယ်တို့နှစ်ယောက် တစ်နေရာရာမှာ စကားပြောကြမလား?"

         သူက ရွှမ်းယင် ပြန်ဖြေမှာကိုပင် မစောင့်တော့ဘဲ ရွှမ်းယင်ရဲ့ အရောင်တောက်နေတဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ နွေးထွေးသော လေထုက သူတို့နှစ်ယောက်ကြားကို ရစ်ပတ်သွားပြီးတော့ အလင်းစက ပျောက်ကွယ်သွားသည်။

        အရှင်ဧကရာဇ်က သူ့အထိန်းတော်ကို လက်ဝေ့ယမ်းပြကာ ရွှမ်းယင်ကို ခေါ်ထုတ်လာခဲ့၏။ အစက ကျောင်းတော်က လူငယ်တွေကို ကိုယ်တိုင်ရွေးချယ်ဖို့ စီစဥ်ထားသော်လည်း တစ်စုံတစ်ယောက် ရောက်လာမယ်လို့ မထင်ထားခဲ့ပေ။

        ထိုလူသားလေး ရောက်ရှိလာခြင်းက သူ့နှလုံးသားကို တဒိတ်ဒိတ်ခုန်ကာ စိတ်ကစဥ်းကလျား ဖြစ်စေတာကြောင့် လူရွေးပွဲကို အထိန်းတော် လက်ထဲ အပ်လိုက်ရလေသည်။ ထွက်လာတဲ့ လမ်းတစ်လျှောက် ရွှမ်းယင် သူတို့နှစ်ယောက်ရဲ့ ချိတ်ဆက်ထားတဲ့ လက်တွေကိုသာ ကြည့်နေမိ၏။

        သူရှာနေတဲ့သူက အရှင်ဧကရာဇ်ကြီး ဖြစ်နေမယ်လို့ မထင်ထားတာကြောင့် ထိုသူကိုလည်း မကြာခဏ ခိုးကြည့်နေမိပြန်သည်။ သူတို့နှစ်ယောက် စုရပ်ကွင်းကနေ ထွက်လာပြီးတော့ တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်လာခဲ့ရာ နန်းတော်ထဲက စောင်းလုလင်ဥယျာဥ်ဟု ခေါ်တွင်သော နေရာသို့ပင် ရောက်လာခဲ့၏။

Until Death (OC) Complete Where stories live. Discover now