❄Part (21)❄ကြေးနီတံခါးဆီသို့

981 124 0
                                    

Until death

                       ❄21❄
            [ကြေးနီတံခါးဆီသို့]

       နတ်ဘုရားချုပ် ကြည့်နေရင်း ရွှမ်းယင်လက်က လက်အိတ်ကို တွေ့တဲ့အခါမှာတော့ သူစိတ်အေးသွား၏။ ထို့ကြောင့်သူသည် လက်ရှိအခြေအနေမှာပဲ စိတ်ပြန်နစ်ထားလိုက်သည်။

"သူတို့လေးယောက်မှာ တူညီတဲ့အချက်က ဘာလဲ?"

"လှတာ"

        ရုတ်တရက် ညင်သာတဲ့အသံက ချီးစီဘေးမှ ထွက်လာလေသည်။ မဆိုင်းမတွကို ဝင်ပြောလိုက်ခြင်း။ သို့နှင့် အားလုံးကလည်း သူ့ဆီကို အာရုံစိုက်လာကြသည်။ ရွှမ်းယင်ကတော့ မျက်လွှာချလျက်သာ ငြိမ်သက်နေ၏။

        တစ်ဖန် နတ်ဘုရားတွေရဲ့ အာရုံက လေထုအလယ်က ပုံရိပ်လေးခုဆီ ပြန်ရောက်သွားသည်။ ပျောက်သွားသူ လေးယောက်သည် အမှန်ပင် ကောင်းကင်မြို့တော်က အလှပန်းလေးတွေထဲက ဖြစ်၏။

        ကျုံးရန်းယီလည်း ခေါင်းညိတ်လိုက်ပြီး

"နတ်ဘုရားရွှမ်းယင် ပြောတာမှန်တယ်.... နောက်တစ်ခု ထပ်စဥ်းစားရမယ်ဆိုရင် ဒီကိစ္စက ပြင်ပလောကနဲ့ ပတ်သက်နေမှာ စိုးရိမ်ရတယ်.... ပြင်ပလောကက လူတွေက အလှအပနဲ့ စွမ်းအားကြီးတာတွေကို အရမ်းသဘောကျကြတယ် ပြီးတော့ သူတို့ရဲ့ကျင့်ကြံမှုကလည်း ထူးဆန်းကြတယ်လေ"

        ကျုံးရန်းယီ စကားဆုံးတဲ့အခါ နတ်ဘုရားတစ်ပါးက ပြောလေ၏။

"ပြင်ပလောကက လူဆိုရင်တော့ သူတို့ကတကယ်ပဲ လှပတာမျိုးကို သဘောကျကြမှာပဲ.... ဘာဖြစ်လို့လဲဆိုတော့ သူတို့လောကမှာရှိတဲ့ လူတွေက လှပတာမျိုး မရှိဘူးလေ... အခုကြည့်ရတာ သူတို့က ဒီဘက်ကို ကျူးကျော်လာနေတာပဲ"

"အဲ့လိုပြောကြေးဆို သူတို့ဖမ်းချင်တဲ့ နတ်ဘုရားတွေထဲမှာ နတ်ဘုရားရွှမ်းယင်က ထိပ်ဆုံးက ပါဝင်မှာ မဟုတ်ဘူးလား?"

         ထိုစကားကိုပြောလာသူ နတ်ဘုရားဆီသို့ ချီးစီရဲ့ မျက်စောင်းနက်နက် ရောက်သွားသည်။ ပထမစကားကို ပြောလိုက်တဲ့ နတ်ဘုရားကလည်း ဝင်ထောက်လာ၏။

"ဒါဆိုမင်းပြောချင်တာက လုပ်ကြံသူက အလှလေးတွေကို ရွေးပြီး ဖမ်းသွားတာ.... သူကရွှမ်းယင်ကိုကျတော့ ထားခဲ့တယ်ပေါ့ အ​ကြောင်းတစ်ခုခုရှိနေတာများလား?"

Until Death (OC) Complete Where stories live. Discover now