❄Part (50)❄မမြင်နိုင်သည့်ရင်းနှီးမှု

1.1K 141 4
                                    

Until death

❄50❄
[မမြင်နိုင်သည့်ရင်းနှီးမှု]Arc 2

အနီရောင် မင်္ဂလာခန်းဝင် အဆင်တန်ဆာတွေ အပြည့် အလှဆင်ထားသော အိမ်တော်တစ်ခု၏ တံခါးကြီးအရှေ့တွင် မြို့သူမြို့သားများ၏ ချီးကျူးသြဘာသံများနှင့် ဆူညံလို့နေသည်။ အိမ်တော်ထဲတွင် အစေခံများသာမက အိမ်သူအိမ်သားတွေလည်း အိမ်တော်သခင်လေးရဲ့ မင်္ဂလာပွဲ အခမ်းအနားကြောင့် အလုပ်ရှုပ်နေကြသည်။

ခမ်းနားထည်ဝါသော မင်္ဂလာဝေါယာဥ်ကြီးက ရွှမ်းအိမ်တော်ရဲ့ တံခါးဝတွင် ရောက်ရှိနေပြီ။ တံခါးတွင် ဗောက်အိုးများကို ချိတ်ဆွဲထားလျက် ချီးမွမ်းသံတွေနဲ့အတူ ဗောက်အိုး ပေါက်သံတွေဟာ အပြိုင်ထွက်ပေါ်လာ၏။

မြို့သားတွေထဲက လူတစ်ယောက်က ထပြောလိုက်သည်။

"ရွှမ်းအိမ်တော်က အရမ်းကံကောင်းတာပဲ.... အရှင်ဧကရာဇ်ကတောင် မျက်နှာသာပေးပြီး ရွှမ်းသခင်လေးကို သူ့ရဲ့ကိုယ်လုပ်တော် နေရာမှာ တော်ကောက်တယ်လေ.... "

"ငါကြားဖူးတာတော့ ရွှမ်းသခင်လေးက အရမ်းလှတယ်တဲ့.... အရှင်ဧကရာဇ်သာ သူ့ကို သဘောကျသွားရင် အနာဂတ်မှာ သူက အမျိုးသားဧကရီတောင် ဖြစ်လာနိုင်တယ်"

ထိုအခါ တစ်စုံတစ်ယောက်က ခနဲ့တော့သည်။

"ဟင့်.... မင်းတို့မှာ ဦးနှောက်မရှိဘူးလား?.... အရှင်ဧကရာဇ်သာ သူ့ကို တကယ်သဘောကျရင် သူ့ရဲ့ကိုယ်ရံတော်ကို သတို့သားကြိုဖို့အတွက် ကိုယ်စားလွှတ်ပါ့မလား? သူကိုယ်တိုင် လာမှာပေါ့"

"ဟုတ်သားပဲ.... နန်းတော်ထဲမှာ အမျိုးသား ကိုယ်လုပ်တော်တွေလည်း အများကြီး ရှိတယ်... တကယ်လို့ ရွှမ်းသခင်လေးကို အရှင်က သဘောကျသွားရင်တော့ ကံကောင်းတာလို့ပဲ ပြောရမှာပေါ့"

မြို့သူမြို့သားတွေ တစ်ယောက်တစ်လှည့် မိမိတို့၏ ထင်မြင်ချက်များကို လျှောက်တွေးကာ ဝေမျှနေကြစဥ် ရွှမ်းအိမ်တော်ထဲတွင်တော့ ရွှမ်းသခင်ကြီးနဲ့ ဇနီးဖြစ်သူသည် သူတို့သား မင်္ဂလာပွဲကနေ ထွက်ပြေးသွားတာကို ဒေါသထွက်နေကြပြီ။

မူလကတည်းက ရွှမ်းအိမ်တော်ရှိ လူပျိုအပျိုတိုင်းသည် မိမိကိုယ်တိုင် အိမ်ထောင်ဖက် ရွေးချယ်ခွင့် မရှိကြလေ။ အကြီးအကဲ နဲ့ အုပ်ထိန်းသူတွေကသာ အိမ်ထောင်ဖက်ကို ရွေးချယ်ပေးကြသည်။ ရွှမ်းသခင်ကြီးသည် သူ၏အငယ်ဆုံးသားကို အရှင်ဧကရာဇ်က ရွေးချယ်ခဲ့တာကြောင့် အလွန်ပျော်ရွှင် ဝမ်းမြောက်နေခဲ့သည်။

Until Death (OC) Complete Where stories live. Discover now