❄Part (31)❄သည်းခံတတ်လွန်းသူ

963 110 2
                                    

Until death

❄31❄
[သည်းခံတတ်လွန်းသူ]

"ကျုံးကော.... မင်းငါ့ရဲ့ရှစ်ဇွင်းကို ဘယ်လိုစကားမျိုး ပြောလိုက်သလဲ ဆိုတာကို မင်းဆရာကိုပြောပြလိုက်လေ"

ကြီးကြပ်သူ အံ့ဩသွားသည်။ ကျုံးကော ဘာပြောလိုက်သလဲ ဆိုတာကို သူသိသည်လေ။ သူက အကာအကွယ်စည်းကို ပြုလုပ်ပေးတဲ့ နတ်ဘုရားဖြစ်တာကြောင့် ကျုံးကော ဘာပြောသလဲ သူမကြားရင် သူကအဆင့်နိမ့် နတ်ဘုရားသား ဖြစ်သွားလိမ့်မည်။

ကျုံးကောရဲ့ရှစ်ဇွင်း မုလုံလည်း ထိတ်လန့်သွားကာ သူတပည့်ကို ငုံ့ကြည့်လိုက်သည်။ ကျုံးကောတစ်ယောက်ကတော့ ထိတ်ထိတ်ပြာပြာ ဖြစ်နေပြီ။ သူက ချီးစီရဲ့ဒေါသကို ဆွချင်တာကြောင့် ထိုစကားမျိုးကို ပြောလိုက်ရုံသက်သက်ပဲ ဖြစ်ပေမယ့် ရွှမ်းယင်ရှေ့မှာတော့ မပြောချင်ပေ။

မုလုံ ကြီးကြပ်သူအား စူးစိုက်ကြည့်လိုက်သောအခါ ကြီးကြပ်သူက အသာလေး ခေါင်းငုံ့သွား၏။

"ကျုံးကော ပြောလိုက်တဲ့စကားက နတ်ဘုရားရွှမ်းယင်က တပည့်တစ်ယောက်ကိုတောင် ကောင်းကောင်းမသင်ပြနိုင်ပါဘူးတဲ့"

ချီးစီ ဒေါသထွက်သွားသည်။

"ခင်ဗျားလိမ်နေတာ...."

ချီးစီ သူ့ရဲ့ဓားကို ပြန်ဆင့်ခေါ်လိုက်ကာ ကျုံးကောကို သတ်ဖြတ်ချက်စိတ်များ ပေါ်ထွက်လာလေရာ မုလုံက သူ့တပည့်ကို ကာကွယ်ဖို့အတွက် အသင့်အနေအထား ဖြစ်သွားလေသည်။

မုလုံ - "ရွှမ်းယင်.... ငါ့တပည့် ဒီလိုပြောလိုက်တယ်ဆိုတာက မင်းကိုစော်ကားတာ မဟုတ်ဘူးဆိုတာ သိတယ်မလား.... ဒါပေမဲ့ မင်းတပည့်ကတော့ ငါ့တပည့်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရအောင် လုပ်လိုက်တယ်"

ရွှမ်းယင် မျက်နှာက ချီးစီဘက်ကိုသာ လှည့်နေဆဲ။ ချီးစီက ကျန်တဲ့သုံးယောက်ကို စူးစူးရဲရဲ စိုက်ကြည့်နေပြီးတော့ အသက်ပြင်းပြင်း ရှူထုတ်နေ၏။ တစ်ဖက်က လက်သီးတင်းတင်း ဆုပ်ထားကာ ကျန်တဲ့တစ်ဖက်ကတော့ ဓားကိုကျစ်နေအောင် ဆုပ်ထားသည်။

ချီးစီ ဘယ်လောက်တောင် ဒေါသထွက်နေလဲ မြင်သာသည်။ တကယ်လို့များ သူသာ ချီးစီရဲ့လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်ထားတာ မဟုတ်ရင် ချီးစီက နောက်ထပ်တိုက်ပွဲကို ဆင်နွှဲဖို့ အသင့်ဖြစ်နေပြီ။

Until Death (OC) Complete Where stories live. Discover now