❄Part (69)❄နတ်ဘုရားချုပ်ခန်းမဆောင်ထဲကတိုက်ပွဲ

862 99 0
                                    

Until Death

❄ 69❄
[နတ်ဘုရားချုပ်ခန်းမဆောင်ထဲကတိုက်ပွဲ]

တစ်ပတ်ခန့် ကြာသွားသောအခါ ကောင်းကင်မြို့တော်က နတ်ဘုရားတွေဘက်က ကျင်းစွေတောင်ကို လာရောက်၍ တိုက်ခိုက်မှုအကြောင်း စကားမစတော့သလို ကျင်းစွေတောင်ဘက်ကလည်း ငြိမ်သက်နေလေ၏။

ယွီချီးစီတို့အဖွဲ့ နတ်ဆိုးမြို့တော်သို့ သွား၍ အားကာအကွယ်စည်းကို အပေါက်ဖောက်ဖို့အတွက် ရည်ရွယ်ထားခဲ့သော်လည်း အကာအကွယ်စည်းက ထင်သလောက် မလွယ်ကူတာကို တွေ့ရတာကြောင့် လက်လျှော့၍ ပြန်လာခဲ့ရလေသည်။

ထိုအချိန်တွင် အောက်ဘုံမြို့တော် ရေကန်ကြီးတစ်ကန် အလယ်က နန်းဆောင်ငယ်လေးပေါ်တွင် အဖြူရောင် ဝတ်ရုံကို တစ်ကိုယ်လုံး ခြုံထားသော လူတစ်ယောက်သည် တစ်စုံတစ်ယောက်ကို စောင့်နေဟန်ရှိ၏။ စိမ်းပြာရောင် ရေကန်ကြီးအလယ်တွင် နန်းဆောင်ငယ်က ပေါ်လော်ပေါ်လျက်ရှိသည်။

ဝတ်ရုံခေါင်းစွပ်ကို စွပ်ထားလျက် တစ်ကိုယ်လုံးကို ဝတ်ရုံထဲမှာ ဖွက်ထားလေသည်။ သူစောင့်ဆိုင်းပြီး ခဏကြာသောအခါ အမည်းရောင် အငွေ့များ ခြံရံထားသော လူတစ်ယောက်က သူ့ဘေးမှာ ပေါ်လာခဲ့သည်။

ထိုသူ ပေါ်လာပြီးသောအခါ အမည်းရောင် အငွေ့တွေက ပျောက်ကွယ်သွား၏။ ထိုသူကတော့ ယွီအန်းပင်။

ယွီအန်း - "မင်းရဲ့လူတွေက အလုပ်မဖြစ်တဲ့ပုံပဲ.... ကမ္ဘာကူးပြောင်း တံခါးကိုတောင် ကောင်းကောင်း မဖွက်ထားနိုင်ဘူး"

ဝတ်ရုံဖြူက သူ့ကိုစောင့်ကြည့်လာသည်။

"မင်းလည်းပဲ အတူတူပဲ မဟုတ်လား? မင်းရဲ့လူတွေလည်း အသုံးမကျဘူး.... ယွီချီးစီကအခု ဒီကိုပြန်ရောက်နေပြီ"

"ဟိုအလှလေးကော ပါတယ်လေ"

ယွီအန်း ဝင်ထောက်လိုက်သောအခါ ခေါင်းစွပ်အဖြူအောက်က အကြည့်စူးစူးတွေ ပေါ်ထွက်လာလေ၏။ ယွီအန်းက ထိုအကြည့်တွေကို နားလည်သည့်ဟန် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်တော့သည်။

"ဟားဟားဟား ငါသိပါတယ်.... သူကမင်းအတွက်ပါပဲ ဒါပေမဲ့ ငါကြားတာတော့ သူ့မှာကလေးရှိနေပြီတဲ့"

Until Death (OC) Complete Where stories live. Discover now