Until death
❄ 73❄
[သက်တမ်းလွှဲပြောင်းခြင်း]"ချီးစီ...... မင်းရေချိုးပြီးသွားပြီလား? လာ ငါအသီးတွေ ခူးလာတယ် အတူတူစားရအောင်"
ရွှမ်းယင်သည် ပါးစပ်ကလည်းပြော လက်ကလည်း အသီးတွေကို နွှာပေးဖို့ ပြင်လိုက်သည်။ ယွီချီးစီက ထိုလှုပ်ရှားတော့မည့် လက်ကလေးများကို ဆုပ်ကိုင်လိုက်တဲ့အခါ ရွှမ်းယင်လည်း ရပ်သွား၏။ သူ ယွီချီးစီရဲ့ တည်ငြိမ်လှတဲ့ မျက်လုံးတွေကို ကြည့်လိုက်သည်။
ယွီချီးစီ ရိပ်မိသွားတာတော့ မဟုတ်ဘူးမလား။ အခုနောက်ပိုင်း သူ့ခန္ဓာကိုယ်က ထူးဆန်းလာသည်။ အဲဒါကို ယွီချီးစီမသိအောင် သူအတတ်နိုင်ဆုံး ဖုံးကွယ်ထားတာ ဖြစ်သည်။ အခုသူလုပ်နေမိတဲ့ ရူးကြောင်ကြောင် အပြုအမူကနေတစ်ဆင့် ယွီချီးစီ သတိထားမိသွားရင်တော့။
'မွတ်'
မထင်မှတ်ဘဲ သူတွေးထင်နေသလို မဟုတ်ချေ။ ယွီချီးစီကပြုံးလျက် သူ့လက်ချောင်းလေးတွေကို နမ်းရှိုက်လိုက်၏။
ရွှမ်းယင် - "........"
ချီးစီ သူ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး သစ်သီးလှီးဓားနဲ့ ပန်းသီးတစ်လုံးကို ဆွဲယူကာ စတင်၍ အခွံနွှာသည်။
"အချစ်က ငြိမ်ငြိမ်ကလေးထိုင်ပြီး ကျွန်တော် နွှာပေးတာကို ကြည့်နေ"
ရွှမ်းယင် ပြုံးစိစိဖြင့် စားပွဲပေါ်ကို လက်တစ်ဖက်ထောက်လိုက်ကာ ယွီချီးစီကို ခေါင်းစောင်း၍ ကြည့်လိုက်သည်။ ချစ်မြတ်နိုးမှုအပြည့် ပါဝင်နေသော မျက်ဝန်းတွေဖြင့်။ ဒီကမ္ဘာမှာ ယွီချီးစီတစ်ယောက်တည်းသာ သူ့ကိုအလိုလို ပြုံးရွှင်လာအောင် ပြုလုပ်နိုင်လေသည်။
သူချီးစီကို ချစ်သည်။ ချီးစီကလည်း သူတစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးလေ၏။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အတိုင်းမသိ ချစ်မြတ်နိုးကြရဲ့သားနဲ့ ဘာကြောင့်များ ကံကြမ္မာက မျက်နှာသာ မပေးရတာလဲ။
သူ့စိုက်ကြည့်နေတဲ့ အပြာရောင် မျက်လုံးတွေကို ပြန်ကြည့်ကာ ရွှင်ပြစွာ ပြုံးပြလိုက်၏။ လိမ်ညာမှုမရှိ ရိုးသားလှသော အပြုံးသည် ချစ်ခြင်းမေတ္တာတို့ အပြည့်အလျှံ ပါဝင်ပြီးသားပင်။
YOU ARE READING
Until Death (OC) Complete