❄Part (74)❄နတ်ဘုရားချုပ်ခန်းမဆောင်သို့

828 96 0
                                    

Until death

❄74❄
[နတ်ဘုရားချုပ်ခန်းမဆောင်သို့]

သက်တမ်းလွှဲပြောင်းလိုက်တာက ဘယ်လောက်တောင်လဲ သက်တမ်းဘယ်လောက် လွှဲပေးလိုက်တာလဲ ဆိုတာကိုတော့ ယွီချီးစီကိုယ်၌ကသာလျှင် အသိဆုံး ဖြစ်ပါလိမ့်မည်။ ယွီချီးစီ ရွှမ်းယင်ကို ကြည့်ချက်သာ ခေါင်းအသာ ခါရမ်းလိုက်သည်။

သူသေချာပေါက် အဆင်ပြေတာပေါ့။ သူ့မှာ သက်တမ်း နည်းနည်း ကျန်နေသေးတယ်လေ။ ယွီအန်းနဲ့ နတ်ဘုရားချုပ်ကို ရှင်းလင်းဖို့အတွက် သူ့မှာ အချိန် အလုံအလောက်ရှိသည်။

"သူအဆင်ပြေသွားပြီဆိုရင် ကောင်းပါတယ်.... "

ယွီချီးစီ အိပ်ပျော်နေသူလေးကို ကျောခိုင်း၍ ထွက်လာခဲ့လိုက်သည်။ သူဒီထက်ပိုပြီး ကြာကြာ ဆက်ကြည့်နေမိရင် ထွက်သွားနိုင်မှာ မဟုတ်တော့ပေ။ အိပ်ဆောင်တံခါးနား ရောက်သောအခါ တစ်ချက်ရပ်သွား၏။

"ဖေဖေကြီး......"

ကလေးလေးတစ်ယောက်ရဲ့ အသံက သူ့ကိုရပ်သွားစေသည်။ နီရဲနေတဲ့ မျက်လုံးများသည်လည်း ထိုအသံလေးကြောင့် တသိမ့်သိမ့် တုန်လာခဲ့သည်။

"ဖေဖေကြီး....."

အသံလေးက ထပ်ထွက်လာ၏။ သူအနောက်ကို ပြန်လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ ဘယ်သူမှမရှိချေ။ အသံရှင်လေးက တစ်စုံတစ်ယောက်ရဲ့ ဗိုက်ထဲမှာ ရှိနေတုန်းပဲ။ ရွှမ်းယင်ကို အိပ်ငွေ့ချခဲ့ပေမယ့် ကလေးဝိညာဥ်ကိုတော့ သူမေ့နေခဲ့သည်။

"ရွှမ်းရွှမ်း....."

ဒါက သူတို့ရဲ့ သမီးလေးနာမည်။ ယွီချီးစီ တိုးတိုးကလေး ခေါ်လိုက်တဲ့အခါ အသံကလေးက တခစ်ခစ် ရယ်သံအဖြစ် ပြောင်းလဲသွား၏။ စကားပြောတတ်ခါစ ကလေးလေးတစ်ယောက် ခြေတွေလက်တွေ မြှောက်ပြီး အားပါးတရ ရယ်မောနေသလိုပင်။

ယွီချီးစီ ရယ်လိုက်သည်။

"ရွှမ်းရွှမ်း..... ဖေဖေကြီး ပြန်လာခဲ့မယ် မင်းဖေဖေကို ခဏလေးပဲ စောင့်ရှောက်ပေးထား ဟုတ်ပြီလား?"

စိတ်ချင်းဆက်နေသည့်အလား ကလေးဝိညာဥ်က ငြိမ်သက်သွား၏။ ထိုအခါမှသာ ယွီချီးစီလည်း အိပ်ဆောင်တံခါးကို ပိတ်၍ ထွက်လာနိုင်တော့သည်။ အပြင်ဘက်မှာတော့ ဟုန်ရိနဲ့ ဇီဖုန်းရယ်က သူ့ကိုအဆင်သင့် စောင့်နေကြသည်။

Until Death (OC) Complete Where stories live. Discover now