❄Part (7)❄နှင်းဆီစံအိမ်

1K 139 0
                                    

Unicode
Until death

                      ❄7❄
           [နှင်းဆီစံအိမ်]

         တစ်နေ့တာ သင်ကြားမှုများ ပြီးတဲ့နောက်တွင် ညပိုင်းက ချီးစီရဲ့ ကိုယ်ပိုင်လေ့ကျင့်ချိန်နဲ့ နားချိန်တွေ ဖြစ်သွားသည်။ တစ်ပတ်မှာ ရွှမ်းယင်က ကိုယ်တိုင်ကိုယ်ကျ တစ်ရက်သာ သင်ပေးမှာဖြစ်ကာ ကျန်ရက်တွေကတော့ သူ့အားသူ့ကိုးရမှာ ဖြစ်၏။

         ညသန်းခေါင်ယံ ရွှမ်းယင် အနားယူသွားတဲ့ အချိန်မှာ အရိပ်တစ်ရိပ်သည် ကျင်းစွေတောင်မှ ကောင်းကင်မြို့တော်ဆီကို ပျံသန်းသွား၏။ မည်သူမှ သတိမထားမိသော အမည်းရောင် အရိပ်တစ်ခုပင်။

        သူဒီည နတ်ဘုရားတစ်ပါးရဲ့ နန်းဆောင်ထဲကို တိတ်တဆိတ် ကျူးကျော်ဖို့ စီစဥ်ထားတာ ဖြစ်၏။ နတ်ဘုရားတွေရဲ့ နန်းဆောင်က တိမ်ထုတွေအပေါ်မှာပဲ ရပ်တန့်လျက် တည်ထားတာကြောင့် ပတ်ဝန်းကျင်မှာ အသွားအလာနည်းသည်။

         ထို့အပြင် သူမနက်က ကောင်းကင်မြို့တော်ရဲ့ စျေးထဲမှာ ပတ်သွားရင်း ထိုနတ်ဘုရားရဲ့ နန်းဆောင် ဘယ်နားမှာရှိသလဲ ကောင်းကောင်းသိထားသည်။ နန်းဆောင်ခြံဝန်းကြီးအနား ရောက်တဲ့အခါ ပထမဦးစွာ ချီးစီက သူ့မျက်လုံးများကို စွမ်းအင်သုံး၍ ဖွင့်လှစ်လိုက်သည်။

        နန်းဆောင်ထဲမှာ ထိုနတ်ဘုရား ရှိမရှိ ရှာဖွေခြင်း ဖြစ်သည်။ စွမ်းအားကြီး နတ်ဘုရားရဲ့ အရိပ်အယောင်မျိုး လုံးဝမရှိဘူး။ ချီးစီ တန့်သွားသည်။ အဲ့ဒီလူက သူ့နန်းဆောင်မှာ မရှိဘူးဆိုရင် ဘယ်မှာများလဲ။

        ချီးစီ ချက်ချင်းပဲ အကြံတစ်ခုရလာကာ သူ့ကိုယ်သူ ထိုနတ်ဘုရားရဲ့ တပည့်တစ်ယောက် အဖြစ် ဟန်ဆောင်ရုပ်ပြောင်းလိုက်သည်။ ကောင်းကင်မြို့တော်မှာ ဘယ်စွမ်းအားကြီး နတ်ဘုရားကမှ ရုပ်ပြောင်းရုပ်လွှဲ မတတ်တာကို သူသိ၏။

         တစ်ဖက်နတ်ဘုရား၏ တပည့်ကြီးအဖြစ် ဟန်ဆောင်ပုံပြောင်းလိုက်ကာ နန်းဆောင်ခြံဝန်း၏ ဂိတ်တံခါးကြီးနား ပျံသန်းသွားလိုက်သည်။ သူက အသွင်ပြောင်းထားတာကြောင့် တခြားလူတွေက သူ့ကို ထိုနတ်ဘုရားရဲ့ တပည့်အစစ် မဟုတ်ဘူးဆိုတာကို သတိထားမိမှာ မဟုတ်ပေ။

Until Death (OC) Complete Where stories live. Discover now