❄Part (55)❄အားလုံးကိုမှတ်မိလာပြီးနောက်

1.1K 143 3
                                    

Until Death

❄55❄
[အားလုံးကိုမှတ်မိလာပြီးနောက်]

ရွှမ်းယင်က ပြုံးလိုက်ရင် တကယ်လှသည်။ သူပြုံးလိုက်ရင် မိုးရေထဲက ပန်းကလေးတွေ လတ်လတ်ဆတ်ဆတ် ဖူးပွင့်လာတာထက်ကို လှပနေ၏။ ရွှမ်းယင်သည် သူ့ကိုမေးထောက်ကာ ကြည့်နေသော ယွီချီးစီဘက်ကို ကိုယ်လုံးလေးအား လှည့်လိုက်သည်။

"ချီးစီ..... မင်းဘယ်လောက်များများ မှတ်မိပြီလဲ?"

"ဟား ဟား.... အဲဒါကိုယ်မင်းကို မေးရမယ့် မေးခွန်းမဟုတ်ဘူးလား? မနေ့ညက ကိုယ်တိုင်ရောက်လာပြီးတော့ ကိုယ့်ကိုအရင် စနမ်းခဲ့တာကို မနက်ကျတော့ ဘာဖြစ်လို့ မေ့သွားတာလဲ?"

"အဲ အဲဒါက ဘယ်လိုပြောရမလဲ? ငါ ငါကမှတ်ဥာဏ်အား သိပ်မကောင်းသေးဘူးလေ.... မနက်လုပ်ထားတာကို ညကျရင် မေ့သွားတတ်သလို ညကကိစ္စတွေကိုလည်း မနက်ရောက်ရင် သဲသဲကွဲကွဲ မမှတ်မိဘူး.... မင်းငါ့ကို စိတ်ဆိုးတယ်ပေါ့လေ"

ရုတ်တရက် အသံက မာသွား၏။ ဇတ်ဆို ထထိုင်လိုက်ပြီးတော့ ယွီချီးစီရဲ့ လက်တစ်ဖက်ကို ခပ်ကြမ်းကြမ်း ဆွဲယူသွားကာ ထူးထူးဆန်းဆန်း လက်ကောက်ဝတ် သွေးကြောကို စမ်းသပ်လာတော့သည်။

ရွှမ်းယင်ရဲ့ ယခုစရိုက်က အတော်လေးကို ထူးဆန်းပြီး ဒေါသကြီးသလိုပဲ။ ယွီချီးစီလည်း ရွှမ်းယင်နဲ့အတူ ထထိုင်လိုက်ပြီးတော့ တစ်ဖက်က မျက်ဝန်းအပြာလေးတွေကို စိုက်ကြည့်လိုက်တဲ့ အခါမှာ ရွှမ်းယင်က အလိုမကျသည့်ဟန် မျက်မှောင်ကျုံ့လာ၏။

ယွီချီးစီ - "ဘာဖြစ်တာလဲ? ကိုယ့်မှာ ရောဂါတစ်ခုခုများ ဖြစ်နေလို့လား?"

ရွှမ်းယင်ရဲ့လက်က ယွီချီးစီရဲ့နားရွက်ဆီကို ရောက်လာပြီး ဆွဲတော့သည်။

"အား......အား..... ရွှမ်းလေး"

"မင်း စွမ်းအင်လေ့ကျင့်တာကို ဇွဲမထားဘူးလား ဟင်? အခုမှအဆင့်က နိမ့်နိမ့်လေး ရှိသေးတယ်.... ဒီအခြေအနေနဲ့ ငါတို့ဟိုဘက်ကို ဘယ်လိုပြန်ကြမလဲလို့..... ချီးစီ ငါမင်းကို သတ်ချင်လာပြီ"

"ဟုတ်ပါပြီကွာ.... ဒေါသကို လျှော့ပါဦး.... မင်းလေးက မနက်ကျရင် စရိုက်တစ်မျိုး ညကျရင် တစ်မျိုးနဲ့.... ကိုယ်တော့ လူနှစ်ယောက်ကို ချစ်မိနေတယ်လို့တောင် ထင်မိတော့မလို့"

Until Death (OC) Complete Where stories live. Discover now