❄Part (54)❄ထူးဆန်းနေတဲ့ရွှမ်းယင်လေး

1K 140 0
                                    

Until death

❄54❄
[ထူးဆန်းနေတဲ့ ရွှမ်းယင်လေး]

"ရွှမ်းလေး....."

ယွီချီးစီသည် မျက်နှာတစ်ခုလုံး နီရဲတွတ်နေသော အလှလေးထံသို့ တစ်လှမ်းချင်း လျှောက်လာလေတော့သည်။ ရွှမ်းယင် အနောက်ကိုတစ်လှမ်း ဆုပ်မိသည်။ ယွီချီးစီဘက်က ထပ်ကပ်လာလေ သူကအနောက်ကို ဆုပ်သွားမိလေပင်။

'ဒုန်း'

အနောက်က လက်ဖက်ရည်စားပွဲနဲ့ တိုက်မိသွားသည်။ ယွီချီးစီကတော့ ပြုံးစိစိနဲ့ သူ့ဆီကို လျှောက်လာနေတုန်းပဲ။ ရွှမ်းယင် ဘယ်ညာကြည့်လိုက်ပြီး ထွက်ပြေးဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ယွီချီးစီက သူ့အပေါ်ကို အုပ်မိုးလာပြီးတော့ လက်ဖက်ရည် စားပွဲကို လက်နဲ့ထောက်ထားလိုက်တော့သည်။

သူလက်ထောက်လိုက်တဲ့ နေရာက ရွှမ်းယင်လက်ပေါ်ကို တည့်တည့်ပင်။ သူတို့နှစ်ယောက် အရမ်းနီးကပ်နေကာ လက်ချင်းထပ်လျက် လက်ဖက်ရည် စားပွဲကို မှီထားသကဲ့သို့ ဖြစ်နေ၏။

"ရွှမ်းလေး ဘာလို့အခုမှ အရမ်းရှက်နေတာလဲ? ဟင်?"

"? ? ?"

"ညကမင်းကိုယ်တိုင် ကိုယ့်ဆီရောက်လာခဲ့တာလေ"

"ညက? ညကဘာဖြစ်သွားတာလဲ?"

"ညကလား? ညကမင်းကို လုပ်ကြံတဲ့ ကိုယ်လုပ်တော်နှစ်ယောက်ကို ဖမ်းလာပြီး ကိုယ့်ရင်ခွင်ထဲကို ဝင်လာတယ်.... ပြီးတော့ မင်းကအရင်ပဲ ကိုယ့်ကိုနမ်းတယ်.... "

"မဖြစ်နိုင်ဘူး"

ရွှမ်းယင် သူ့ကိုယ်တိုင်တောင် နားမလည်သည့်နှယ် တိုးတိုးကလေး ငြင်းလိုက်သည်။

"ဘာလဲ? မေ့ချင်ယောင် ဆောင်နေတာလား?"

"မ မဟုတ်ပါဘူး.... ည ညကဘာဖြစ်သွားလဲ မမှတ်မိဘူး "

သူပြောရင်း ယွီချီးစီရဲ့ အကြည့်တွေကို ရှောင်ဖို့ကြိုးစားသည်။ ယွီချီးစီက စားပွဲပေါ်မှာ ထောက်ထားတဲ့ သူ့ရဲ့လက်နှစ်ဖက်ကိုလည်း ဆုပ်ထားကာ တစ်ကိုယ်လုံးကလည်း သူ့အပေါ်ကို အုပ်မိုးထားတာကြောင့် သူရှောင်ချင်တာတောင် မလွတ်မြောက်ပေ။

တစ်ဖက်မှာတော့ ယွီချီးစီကသူ့ကို မျက်တောင်မခတ်ပဲ စူးစိုက်ကြည့်နေသည်။ သူသေချာမှတ်မိသည်။ မနေ့ညက ရွှမ်းယင်နဲ့ ယခုရွှမ်းယင်က မတူပေ။ ညတုန်းက အပြာရောင် မျက်လုံးတွေနဲ့ ဖြစ်ပြီး ပုံစံက အနည်းငယ် အထက်စီးဆန်သည်။

Until Death (OC) Complete Where stories live. Discover now