❄Part (16)❄အမတမျိုးနွယ်ဝင်

987 144 1
                                    

Until death

                    ❄16❄
            [အမတမျိုးနွယ်ဝင်]

         ရွှမ်းယင်ရင်ထဲ နာကျင်သွားသည်။ သူက စွမ်းအင်တွေထုတ်ထားတဲ့ သူ့လက်ထဲက စွမ်းအားတွေကို ဖယ်ထုတ်လိုက်၏။ ထိုအခါချီးစီက ဆိုလာသည်မှာ။

"ရှစ်ဇွင်း.... သူတို့ကို လွှတ်ပေးလိုက်ပါလား?"

         အဲ့ဒီမေးခွန်းက ရွှမ်းယင်ဖြေဖို့ တကယ်ခက်ခဲသည်။ ရွှမ်းယင် ချီးစီကို လှည့်ကြည့်လိုက်သည်။ သူက တစ်ခုခုပြောဖို့ ပြင်လိုက်တဲ့အချိန်မှာ လင်းနို့နတ်ဆိုးက အော်ဟစ်လာတော့သည်။

"ရွှမ်းယင်....မင်းက နတ်မျိုးနွယ်ဆိုပြီး မင်းကိုယ်မင်း သီလသမာဓိနဲ့ ပြည့်စုံလှပြီလို့ ထင်နေလား.... လွန်ခဲ့တဲ့ နှစ်၂၀၀ ကျော်လောက်တုန်းက မင်းဖျက်စီးပစ်လိုက်လို့ ငါတို့မျိုးနွယ် နေစရာပျောက် စားစရာပျောက်နဲ့ ဘယ်လောက် ဒုက္ခ ရောက်ခဲ့ရလဲ!!!"

         လင်းနို့နတ်ဆိုးရဲ့အသံက သိပ်ကိုကျယ်လောက်လွန်သည်။ ရွှမ်းယင် လင်းနို့နတ်ဆိုးဘက်ကို ပြန်လှည့်လိုက်တဲ့အချိန်မှာ ထိုသူက ဆက်အော်လာ၏။

"မင်းက ကောင်းကင်မြို့တော်မှာ စည်းစိမ်တွေနဲ့ အေးအေးဆေးဆေး နားနေတဲ့အချိန် ငါတို့မျိုးနွယ်ရဲ့ ကလေးတွေ အာဟာရပျက်ပြီး သေကုန်ကြတာ အများကြီးပဲကွ"

"ဘာပြောတယ်? ငါ့ကြောင့်?"

        ရွှမ်းယင် ပြန်မေးလိုက်သည်။ လင်းနို့နတ်ဆိုးပြောတဲ့ လွန်ခဲ့တဲ့ နှစ်၂၀၀ ကျော်လောက်တုန်းက ဆိုတဲ့အချိန်ကာလတွေသည် သူပျောက်ဆုံးနေတဲ့ မှတ်ဥာဏ် အပိုင်းအစတွေပဲလေ။

        လင်းနို့နတ်ဆိုး ပြောနေတာတွေကို သူတစ်ခုမှ နားမလည်ပေ။ ထို့အပြင် ချီးစီသည်လည်း ရွှမ်းယင်ကို ကြောင်တောင်တောင်လေး ကြည့်နေမိ၏။ သူက ဒေါသထွက်ချင်ယောင် ဆောင်လိုက်ပြီး ဓားတစ်ချောင်း ဖန်ဆင်း၍ လင်းနို့နတ်ဆိုးရဲ့ လည်ပင်းမှာ ထောက်ထားလိုက်လေသည်။

"မင်းဘာတွေ ပြောနေတာလဲ?"

"သတ်ချင်သတ်လိုက်.... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မျိုးနွယ်က မင်းတို့လို ကောင်းမြတ်ပါတယ်ဆိုပြီး တခြားသူရဲ့မိသားစုကို ဖျက်စီးခဲ့တဲ့သူတွေကြောင့် သေခဲ့ရတာပဲလေ"

Until Death (OC) Complete Where stories live. Discover now