❄Part (14)❄ချိတ်ပိတ်ခံထားရတဲ့မှတ်ဥာဏ်

1.1K 132 0
                                    

Until death

                      ❄14❄
             [ချိတ်ပိတ်ခံထားရတဲ့မှတ်ဥာဏ်]

       တကယ်ပဲ လူဖြစ်ဖြစ် နတ်ဖြစ်ဖြစ် သူ့ကိုသက်တမ်း ၂၀၀လောက်သာ ရှိတယ်လို့ ထင်ကြသည်။ ဘယ်သူကမှ သူဒီနေရာမှာ အသက်ရှင်ခဲ့တာ သက်တမ်း၅၀၀ ရှိနေပြီဆိုတာကို မသိကြပေ။ မခန့်မှန်းမိကြတာလည်း ဖြစ်နိုင်၏။

"ငါ့သက်တမ်းက ၂၀၀ မဟုတ်ဘူး.... ၅၀၀ ရှိနေပြီ"
"ဘယ်လို?"

        ချီးစီ အံ့ဩသွား၏။ သူဟန်ဆောင်နေခြင်းတော့ မဟုတ်။ ရွှမ်းယင်ပြောတဲ့ စကားအပေါ်မှာ သူတကယ် အံ့သြသွားခဲ့တာ ဖြစ်လေသည်။ ရွှမ်းယင်က သက်တမ်း၅၀၀ ရှိနေပြီတဲ့လား။ သူဆိုရင် သက်တမ်း၂၀၀ စွန်းစွန်းလေးပဲ ရှိသေးသည်လေ။

        ရွှမ်းယင်က သူ့ထက်အများကြီး ကြီးနေတာပေါ့။ ချီးစီ သူ့အတွေးတွေကို ခဏဘေးဖယ်ထားလိုက်သည်။ အခုအချိန်က အသက်ကြီးတာ မကြီးတာကို စဥ်းစားနေရမယ့် အချိန်မဟုတ်ဘူး။

"ရှစ်ဇွင်း ဘာကိုပြောချင်တာလဲ? ရှစ်ဇွင်း မှတ်ဥာဏ်ပျောက်နေတဲ့ ကိစ္စက နတ်သက်တမ်းနဲ့ သက်ဆိုင်နေတာလား?"

"ငါ့ဆီမှာ သက်တမ်း၂၀၀ အရှေ့က သက်တမ်း၃၀၀ ကျော်ရဲ့ မှတ်ဥာဏ်တွေ မရှိဘူး... အဲ့တာက တော်တော်လေးကို ထူးဆန်းတယ်"

"သက်တမ်း၃၀၀ရဲ့ မှတ်ဥာဏ်တွေ ပျောက်နေတာပေါ့.... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? နတ်မျိုးနွယ်တွေရဲ့ မှတ်ဥာဏ်တွေက ရွှေလိုပဲ အဖိုးတန်တယ် ... ဘယ်လိုလုပ်ပြီး ပျောက်ဆုံးနေတာလဲ ဟုတ်တယ် ရှစ်ဇွင်းဒီကိစ္စကို သေချာစုံစမ်းမှ ဖြစ်တော့မှာ.... တစ်ယောက်ယောက်က ရှစ်ဇွင်းရဲ့ မှတ်ဥာဏ်တွေကို ဖျက်ပစ်တာဆိုရင် ဘယ်လိုလုပ်မလဲ?"

       ရွှမ်းယင်သည်လည်း သူ့မှတ်ဥာဏ်တွေနဲ့ ပတ်သက်ပြီး ဇဝေဇဝါတွေ ဖြစ်နေခဲ့တာကြာပြီ။ တစ်ယောက်ယောက်က သူ့မှတ်ဥာဏ်တွေကို ဖျက်ပစ်တာလားဆိုတဲ့ မေးခွန်းကို သူ့ကိုယ်သူလည်း အကြိမ်ပေါင်းမနည်း မေးကြည့်ခဲ့ဖူးသည်။

       ကြည့်ရတာ ချီးစီကလည်း အဲ့ဒီလိုထင်နေတာပဲ။

"ရှစ်ဇွင်း..... ကျွန်တော် ကောင်းကင်မြို့တော် အကြောင်းကို သိပ်မသိပေမယ့် ကောင်းကင်မြို့တော်က စွမ်းအားကြီး နတ်ဘုရားတွေတိုင်းက လူကောင်းတွေ မဟုတ်ဘူး.... ရှစ်ဇွင်းက နှစ်၅၀၀တောင် အသက်ရှင်ခဲ့တာ ဒီမှာနှစ်၅၀၀ အထက် နတ်ဘုရားတွေလည်း ရှိတာပဲ သူတို့လွန်ခဲ့တဲ့ နှစ်၅၀၀တုန်းက ရှစ်ဇွင်းကို တွေ့ဖူးသလား ကျွန်တော် စုံစမ်းကြည့်ပေးမယ်"

Until Death (OC) Complete Where stories live. Discover now